ဇာတ်သိမ်းအစ

871 103 11
                                    

သေဆုံးမူတွေ
မမြင်အပ်သော မြင်ကွင်းတွေ
ပြီးတော့ ကျွမ်းလောင်သွားတဲ့ မောင်ဝိဉာဉ်

" အားးးးးး"
" အကိုလေး အကိုလေး ရရဲ့လား"
" မြင်ပြီလား ကောင်လေး"
" ဗျာ"
" သူ့ရဲ့ပေးဆပ်ခြင်းတွေကို မြင်ရဲ့လား"
" မောင့်ပေးဆပ်ခြင်းတွေက ဒီဘဝအထိလား"
" အမှန်ပဲ"
" ဘယ်လိုလုပ်ရမလဲ"
" အဖြေတွေပါပြီးသားလေ"
" ဒီဘဝမှာ ပေါင်းဖက်ဖို့ ကျနော်ဘာလုပ်ရမလဲ"
" မင်းဝဋ်ကြွေးတွေဆပ်ရဦးမယ်"
" အခုရူးမတတ်နာကျင်နေရတာတွေက
ဆပ်နေတာနဟုတ်ဘူးလား"
" ကံကြမ္မာအလိုရပဲပေါ့"
" ကျနော် အသက်တရက်ပဲ ရှင်ရမယ်ဆိုပြီး
ဝဋ်ကြွေးတွေဆပ်ပြရရင်တောင်
အဲ့တရက်ကို မောင်နဲ့အတူ ရှိချင်တယ်"

" ကောင်လေး
နတ်ဆရာမ၏ ခေါ်သံအပြင် ဂျယ်လေး၏ ခေါ်သံ
အကိုလေး အကိုလေး"

တကိုယ်လုံးချွေးတွေရွှဲနစ်နေသည့်
အကိုလေးသည် သတိလစ်သွားခဲ့ပြီ

" ဆရာမ အကိုလေး ဘာဖြစ်တာလဲ
ဆေးရုံကား ဆေးရုံကား ခေါ်ပေးပါ"

" ဆေးရုံတက်လည်း သူသတိလစ်နေမှာပဲ
ရောဂါလည်းရှာလို့ရချင်မှ ရမှာ"

" ခများ ဘာသဘောပြောတာလဲ အကိုလေးကို
ခများဘာလုပ်လိုက်တာလဲ"

" သူက သာမန်လူတယောက်လေ
အတိတ်ကအဖြစ်တွေကို သူကြည့်ချင်တုန်းက
ပေးဆပ်မူတွေရှိတယ်လို့
ငါပြောတယ်လေ"

" မဆိုင်တာ ပြန်နိုးပေး အကိုလေးကို ပြန်နိုးပေး"
" အပေးအယူတွေကို ငါရှင်းပြတယ်မဟုတ်လား"

" ခများနဲ့ ကျနော်နောက်မှ စာရင်းရှင်းမယ်"

ဂျယ်လေးသည် အကိုလေးအား ကားပေါ်တင်ကာ
နီးရာဆေးရုံကို ပြေးရလေသည်။

" ဒေး ဒေး လုပ်ပါဦး"
ဖုန်းကိုင်ကိုင်ချင်း ဂျယ်လေးငိုသံကြားရတာမို့
ဒေးလန့်သွားသည်

" ဂျယ်လေး ဘာဖြစ်တာလဲ"
" ဒေး"
" အင်းငါရှိတယ်ပြော "
" အကိုလေးကို ခေါ်လို့မရတော့ဘူး"
"အကိုလေး ဘာဖြစ်တာလဲ"

အရက်သောက်နေသည့် လက်သည် တုံ့ကနဲ
ဒေးလက်က ဖုန်းကိုလုကာ
အကိုဘယ်မှာရှိနေလဲဆိုတာ မေးလိုက်ပြီး
ကားကို အမြန်မောင်းကာ လိုက်လာရတော့သည်။

To The Guest (ဧည့်သည်သို့.....)Where stories live. Discover now