Part 5

1K 113 18
                                    

ဒေးသည် ခရီးသွားဖို့ကိုပြင်ဆင်နေခဲ့သည်။

ဖုန်းနံပါတ်တခုဝင်လာချိန်မှာ အကိုလေး ဂျီမင်ဆီက ဖြစ်နေခဲ့သည်။

ဆေး ရှော့တဲ့လေ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေပါ
ဘော့စ်ဂျေလို လူမျိုးက အခုလိုမဖြစ်နိုင်တာ ။
တခုခုတော့မှားယွင်းနေတာသိလိုက်သည်။

"hyung "

"ပြောဒေး"

"ဘော့စ် ဆေးရှော့ဖြစ်လို့"

"ဘာ ဘယ်လိုလုပ်မလဲ ငါက ဂျပန်မှာ"

"ကျစ် တခြားဆရာဝန်ခေါ်ရင် ရှင်းနေရမှာလေ
ဘော့စ်က အဲ့လိုရှင်းရတာတွေကို စိတ်တိုတာသိရက်နဲ့"

"နေဦး ငါ့အသိတယောက်စီဖုန်းဆက်ထားလိုက်မယ် သူကစိတ်ချရပါတယ် "

"အဲ့တာဆိုလည်း အမြန်ဆုံးလွှတ်ပေး"

"ဘယ်ကိုလွှတ်ပေးရမှာလဲ"

"To The Guest Hotel"

"ok"

*********

ခပ်မှန်မှန်အခြေအနေမှာတောင် ခြေလှမ်းကြဲတွေသည် သွက်လွန်းသည်။ အခုဒေးလာခဲ့တာက အပြေးတပိုင်း ဟိုတယ်ထဲကို ဝင်လာခဲ့သည်။

"ဒေး"

"ဂျယ်လေး"

ပိန်ပိန်ရှည်ရှည်ကောင်လေးက သေချာပေါက်ငိုထားတာ သူ့ကိုမြင်မှ ပိုကာမျက်ရည်ဝဲနေရသေးသည်။

"ဘော့စ်ရော"

"အကိုလေးပါ သတိလစ်နေတာ "

နုတ်ခမ်းရဲတွေကိုကိုက်ကာ
ဆောက်တည်မရဖြစ်နေသည့်ပုံစံသည်
ဂျယ်လေး၏စရိုက်ပင်

"အကိုလေးကပါ သတိလစ်စရာလား
ဒီတိုင်းပဲထားကြလား ဘယ်မှာလဲအခု အကိုလေးတို့က"

ဂျယ်ဟော့သည် မဖြေနိုင်အောင်ပင် ငိုနေပြန်သည်။
ဒေးငေါက်သမျှကိုလည်း သူဘာမှ ပြန်မပြောနိုင်
ခပ်ပိန်ပိန်ကိုယ်ငယ်လေးဟာ တဆတ်ဆတ်ပင်တုန်နေပြန်သည်။

ဒေးကောင်တာကိုရောက်သည့်အချိန်တွင် ဆရာဝန်ဆိုသောလူလည်း ရောက်လာသည်။

တွေ့လိုက်ရသော မြင်ကွင်းတွင်
ဒေးသည် လက်သီးတွေကျစ်ကျစ်ပါအောင်
ဆုပ်ထားမိလျက်သား ဘေးက ဂျယ်ဟော့ကိုလည်း
စူးစူးရဲရဲ ကြည့်ပစ်လိုက်သည်။

To The Guest (ဧည့်သည်သို့.....)Where stories live. Discover now