Part -8

1K 136 18
                                    

" မင်းက ဒေးဆီအမြဲလာနေတဲ့ကောင်လေးမလား"
" ဟုတ်တယ် ဒေးကို တားပေးပါ ဘော့စ်ဂျေ"
" ဘာအတွက်တားပေးရမှာလဲ"
" ဒေးက မဖြစ်နိုင်တာတွေလုပ်နေတယ်"
" ဒီမှာ ချာတိတ် စကားကိုလိုရင်းပြော မင်းရှေ့မှာ ရှိနေတာက

မင်းအကိုလေး မဟုတ်ဘူး ငါကလူမိုက်
စိတ်မရှည်ဘူး"

"ဒါဆိုလည်း လိုရင်းပဲပြောမယ်"

"ပြော"

"‌ဒေးက အကိုလေးကိုချစ်ရေးဆိုဖို့ ချဉ်းကပ်နေတယ်"

"အဲ့တာ ငါက ဘာလို့တားပေးရမှာလဲ"

"အကိုလေးကိုခများ မချစ်ဘူးလား"

"ဆရာတပည့်လို့မပြောရဘူး မင်းအကိုလေးလိုပဲ မင်းလည်း ကြောင်တောင်တောင်နဲ့"

"ဘော့စ် အကိုလေးကိုတကယ်မချစ်ဘူးလား"

"ချစ်တာမချစ်တာ ငါကဘာအတွက် မင်းကို ပြောပြနေရမှာလဲ"

"အကိုလေး က ခများကိုချစ်နေတယ်လေ"

"ချာတိတ် မင်းစည်းတွေကျော်နေပြီဆိုတာ သိလား"

"ကျနော်ပြောတာကိုသာ ခများနားထောင်စမ်းပါ ခများ နောင်တရရမယ့်လမ်းတွေ မရွေးပါနဲ့ "

"ငါက လူမိုက် နောင်တဆိုတာ..."

"လူမိုက်တွေ နောင်တရမိတဲ့အဖြစ်တွေက ကမ္ဘာပြိုရခြင်းထက် ခံစားရခက်တယ်နော် ခများသိလား"

"ငါစောက်ဂရုမစိုက်ဘူး "

"ခများ"

"အေး မင်းတို့အကိုလေးက ငါ့ကိုချစ်နေတယ်ဆိုရင်လာပြောခိုင်းလိုက်လေ ငါ့အကြိုက်က မိန်းမတွေ ဆိုပေမယ့် မင်းအကိုလေးက မိန်းမတွေထက်တော့ချစ်စရာကောင်းသား အပြောင်းအလဲလေးဖြစ်အောင် ငါကစားပေးမယ်လေ"

တုန်နေအောင်ကြောက်တတ်သော လူပိန်ပိန်လေးသည် ၊ လူမိုက် ဘော့စ်ဂျေအားထိုးဖို့ကြိုးစားသည်တဲ့

"ခများမှတ်ထား ခများပဲ နောင်တရရမှာ တန်ဖိုးမထားတတ်ခြင်းတွေအတွက် ခများအကိုလေးကိုတယုတယတောင်းပန်ရမယ့်အဖြစ်တွေကိုခများ မှတ်ထား"

"လာပြန်ပြီ ဆရာတပည့်တွေ အရာရာကိုကြိုသိနေသ လို ရှေ့ဖြစ်တွေ လာမပြောနဲ့ ငါအယုံအကြည်မရှိဘူး ပြီ‌းတော့ တခါထဲပြောလိုက်မယ် မင်းတို့အကိုလေးကို ငါစိတ်မဝင်စားဘူး မင်းအကိုလေးက ငါ့ကိုချစ်နေတယ်ဆိုရင်ဘာလို့ဒေးချဉ်းကပ်တာကို မင်းက တုန်လှုပ်နေရသလဲ "

To The Guest (ဧည့်သည်သို့.....)Where stories live. Discover now