Part -14

991 108 11
                                    

အခန်းနံပါတ် ၅၈၁၃

အခန်းနံပါတ်ကို ဖတ်မိရုံနဲ့တင်
စိတ်အာရုံသည် အဝေးတနေရာသို့ရောက်သွားသကဲ့သို့ပင်

ဂျယ်လေးသည် အခန်းတံခါးကို လိုက်ဖွင့်ပေးပြီး
အခန်းထဲမဝင်ပဲအပြင်ကနေပဲ လှည့်ပြန်သွားသည်။

အခန်းထဲ ဝင်လိုက်တဲ့အခါ
အဖြူရောင်ကြွေရုပ်လေးဟာ စောင်ပုံထဲမှာ နစ်ကာ
ကွေးကွေးလေး အိပ်ပျော်နေသည်။
ခြေထောက်လေးတွေဖော်ကာ
အိပ်တတ်သူသည် စောင်စကို ကိုင်ထားသော
လက်ဖျားတွေကိုလည်း ဖော်ကာအိပ်တတ်သေးသည်။

ဒီအမူအကျင့်တွေသည် အတူမနေဖူးပါဘဲ ရင်းနှီးပြီးသားဖြစ်နေပြန်သည်။

ပေါ်နေတဲ့ ခြေထောက်ဖေါင်းဖေါင်းလေးကို လုံအောင်ဖုံးပေးလိုက်ပြီးခုတင်အနားကခုံတွင် ‌ဂျောင်ကုဝင်ထိုင်လိုက်သည်။

အိပ်နေသူသည် မျက်ခုံးတွေကိုတွန့်လိုက်တာမို့

နေလို့မသက်သာ လို့များလားလို့စိတ်ပူကာ နဖူးလေးပေါ် လက်က အလိုလိုရောက်သွားသည်။

ဂျင်ဟျောင်းနှင့်တောင် အနေမနီးစပ်ခဲ့သည် ဂျောင်ကုသည် ယခုတော့ အလွန်နီးကပ်စွာအတူရှိရခြင်းအပေါ် စိမ်းသက်မနေပါ။

ဖျားငွေ့ အနည်းငယ်ကြောင့် ဇောချွေးအနည်းငယ်စိုနေတာမို့ နဖူးလေးကို တစ်ရှုးလေးနဲ့ သုတ်ပေးလိုက်သည်။

နိုးသွားမှာ ကြောက်တာမို့သက်ပြင်းတခုကို ပြင်းပြင်းမချရဲပါ ခိုးကာရှိုက်လိုက်သည်။

Park jimin ခများက နားလည်ရခက်တဲ့ပန်းချီတချပ်လိုပဲဗျာ

ကျနော် အဖြေတွေကိုမသိဘူးဒါမယ့် ခများကိုတော့နှစ်သက်ခြင်းအပြည့်နဲ့ အပိုင်လိုချင်တဲ့ ပန်းချီတချပ်ထက်ကို တပ်မက်တယ်***

အချိန်ကြာစွာ ကုတင်ဘေးမှာထိုင်ရင်း ကြမ်းပြင်ကိုအကြောင်းမဲ့ကြည့်နေမိသည်။

"အဟင့်..ဟင့်"

ရှိုက်သံသေးသေးလေး ကြားလိုက်တာမို့ ခန္ဓာကိုယ်က မတ်သွားမိသည်။

"ငါသနားလို့ ဘယ်လိုလုပ်ရမလဲ မောင့်ကို သနားလို့ဘယ်လိုလုပ်ရမလဲ ငါက ဆိုးလိုက်တာ ငါမကောင်းတာ"

To The Guest (ဧည့်သည်သို့.....)Where stories live. Discover now