Part -9

807 110 10
                                    

" Jin Hyung"
" kook မင်းထွားလာလိုက်တာများ"
" ကျနော် လူမိုက်လေ Hyungရာ"
" ငါ့မျက်လုံးထဲတော့ kook က ကလေးလေးပဲ"
" ကလေးလေးကို ဟင်းတွေချက်ကျွေးမယ်မလား"
" လေဆိပ်မှာပဲ ရှိသေးတယ် မင်းကလူကိုခိုင်းစားဖို့တွေးနေတယ်ပေါ့ ဟုတ်လား"

ကိုရီးယားမြေကိုပြန်ရောက်တဲ့ ဆရာဝန်လေးဟာ
နှင်းငွေ့စက်လေးတွေကို လိုက်ကြည့်နေမိသည်။
လည်ပင်းကမာဖလာလေးကိုပြန်ကြည့်မိတဲ့အခါ
ရည်းစားဦးလေးကိုလည်းလွမ်းမိရက်သား။

အခုချိန်ထိ‌ရော သူစောင့်နေပါ့မလား။

စောင့်နေပါလို့ မတောင်းဆိုခဲ့မိလို့
စောင့်နေရဲ့လားလို့ မမေးရက်လိုက်တာ။

ငါပြန်လာပြီမို့ မင်းသာစောင့်နေသေးရင်.........

ကားပြတင်းတွေမှတဆင့် Jin hyung သည်အပြင်ကို
ငေးနေခဲ့သည်။

မွေးစားမိဘတွေ၏ ဆန္ဒကို
ဂျောင်ကုသေချာလိုက်နာရပါမည် ။
ကိုယ့်လို ဉတလုံးတကောင်ကြွက်အား
ခေါ်ယူမွေးစားပြီး သားအရင်းပမာ ထားခဲ့တဲ့
ဖေကြီးမေကြီးသည်မိမိပရောဂကြောင့်
သေဆုံးခဲ့သည်မလား။

ဂေဟာမှာပင် ပရဟိတ လုပ်နေသူတွေတောင်မှ
ခိုက်သည့်ကလေးဟု သတ်မှတ်ကာ
ပယ်ထားခဲ့ကြသည်မဟုတ်လား။
ဒါကိုဖေကြီးမေကြီး တို့က မေတ္တာအပြည့်နှင့်
စောင့်‌ရှောက်ခဲ့ပေးကြတယ်။

jin hyung သည်လည်းပဲ ညီအရင်းတယောက်လို
သတ်မှတ်ကာ မိမိအားချစ်ခင်ခဲ့ကြသည်။

ဖေကြီးကအမြဲပြောပြဖူးသည် jin hyung က
ငယ်ငယ်ကဆို သားညီလေးကိုရှာပေး
ပြန်ခေါ်ပေးလို့ငိုတတ်တာ မရပ်ဘူးတဲ့
အဲ့တာကြောင့် jin hyung အငိုတိတ်အောင်
ကလေးမွေးစားပေးဖို့ သားတို့ဂေဟာကိုလာခဲ့တာတဲ့လေ။ jin hyung က ပါးဖောင်းဖောင်းနုတ်ခမ်းချွန်ချွန်
မျက်လုံးမှေးမှေးနဲ့သားညီလေးလို့ပူဆာပေမယ့်
နံရံထောင့်မှာ ပေတူးလန်နေတဲ့ လူပိန်ပိန်လေးကို
ဖေကြီးက ဂရုဏာသက်မိခဲ့တာတဲ့ ။
သူက ခိုက်တဲ့ကလေးလို့ ဂေဟာက အန်တီကြီးက
ပြောတဲ့အချိန် သားမျက်လုံးလေးတွေက
ဝိုင်းပြီးမျက်ရည်တွေ အပြည့်ပဲတဲ့
မျက်ရည်တွေ ကျမလာအောင်
မျက်တောင်တွေနဲ့ပုတ်ထုတ်နေပြီး
နုတ်ခမ်းပါးပါးလေးတွေကိုကျိတ်ခဲထားကတည်းက
သားလေးကို ဖေကြီးကမွေးစားဖို့ ဆုံးဖြတ်ခဲ့တာ .

To The Guest (ဧည့်သည်သို့.....)Where stories live. Discover now