♣️အပိုင်း_၁♣️

226 14 11
                                    

*I love that swimmer*
(အဲ့ ရေကူးသမားကို ငါချစ်တယ်)
 
         ♣️အပိုင်း_၁♣️

ဘဲဲ့ရင်း မိန်းကလေးသီးသန့်အထက်တန်းကျောင်း တစ်ခြားအတန်းတွေနဲ့ မတူစွာ ခွဲထွက်နေတဲ့ အတန်းတစ်ခု။
အဲ့ဒါက Happy Class ဒုတိယနှစ် အတန်း၅။

ပင်မကျောင်းဆောင်တစ်ခုဖြစ်ပြီး ကျောင်းဆောင်တစ်ခုလုံးမှာ အတန်းက2_5အတန်းတစ်ခုတည်း။

ဒီအတန်းထဲက ကျောင်းသူတွေကလည်း သေချာပေါက်ကို သာမာန် မဟုတ်ဘူးပေါ့။

ဆရာအတန်းထဲက ထွက်သွားတာနဲ့ တည်ငြိမ်‌တိတ်ဆိတ်နေတဲ့ အတန်းက စတင်လှုပ်ရှားလာတယ်။

""ယယ်ရင်း ငါတို့ကန်တင်းအတူသွားရအောင်"

အနားရောက်လာတဲ့သူငယ်ချင်းမလေးတွေကို ယယ်ရင်း အဖြေမပေးခင် သူမဘေးက ရှင်းအွန်းဂျောင် ကို လှည့်ကြည့်ချိန် စားပွဲပေါ်လက်ထောက်မေးတင်ပြီး သူမကိုငေးကြည့်နေတဲ့ ရှင်းအွန်းဂျောင် ရဲ့မျက်ဝန်းတွေနဲ့ ဆုံလိုက်ရတယ်။

"နင်ရော ငါတို့နဲ့အတူလိုက်မလား ရှင်းအွန်းဂျောင်"

ယယ်ရင်းရဲ့အမေးကို ရှင်းအွန်းဂျောင် ခေါင်းညိတ်အဖြေပေးချိန် သူမပုခုံးထက်ကို ရောက်လာတဲ့ ယယ်ရင်း
လက်တွေ။

သေချာပေါက် ရှင်းအွန်းဂျောင် က သူမပုခုံးထက်က ယယ်ရင်း လက်တွေကိုဖယ်ချချင်းမပြုစွာ သူငယ်ချင်းတွေနဲ့ အတူ အတန်းထဲကထွက်လာခဲ့တယ်။

'အခုတစ်လော အင်ယယ်ရင်းရဲ့အပြုမူတွေက ရှင်းအွန်းဂျောင်အပေါ် အရမ်းပိုင်နိုင်နေတယ်မထင်ဘူးလား"

ဒါယွန်းရဲ့အမေးကို ဝူးရီ ခေါင်းညိတ်စွာ

"ငါတော့ သူတို့နှစ်ယောက်ကြား သာမန်ထက်ပိုတဲ့ ဆက်ဆံရေးရှိနေပြီထင်တယ်"

ဘန်းဝူရီရဲ့ ခြေထောက်တစ်ဖက်ဟာ ရုတ်တရက်တက်အနင်းခံလိုက်ရသလို
တက်နင်းတဲ့သူကို ဝူရီခေါင်းမော့ကြည့်လိုက်တော့ ဘဲ့ဟာရင်း။

"ရှင်းအွန်းဂျောင်နဲ့ပတ်သတ်ပြီး မကောင်းတဲ့မှတ်ချက်တွေ နင်ဘယ်တုန်းက ပေးတတ်လာတာလဲ ဘန်းဝူရီ"

"ရှင်းအွန်းဂျောင်ကို ဂရုစိုက်နေမယ့်အစား နင်ရဲ့ အမှတ်တွေပိုကောင်းလာဖို့ကိုပဲ အာရုံစိုက်စမ်းပါ"

*I love that swimmer*(အဲ့ ရေကူးသမားကိုငါချစ်တယ်)Where stories live. Discover now