♣️အပိုင်း_၁၈♣️

62 7 13
                                    

ဘဲ့ဟာရင်း ဆေးရုံကဆင်းလာတဲ့အချိန်ထိ ဆောဒိုအာ တစ်ယောက် ဆေးရုံမှာလည်း မတွေ့ရသလို သူမ ဆေးရုံကဆင်းလာတဲ့အထိလည်း သူ့ကိုဆက်သွယ်မရတာ‌ကြောင့် စိတ်ကသိပ်မကြည်တော့ပေ။

ဘာလဲ ဆောဒိုအာ ငါတို့သူငယ်ချင်း သံယောဇဉ်ကို အဆုံးသတ်ပစ်ဖို့ စီစဉ်နေတာလား...

နင်က ဒီလိုမျိုး အဆက်သွယ်ဖြတ်ရင် ငါကလည်းမပတ်သတ်ယုံပေါ့...

ငါက ဘဲ့ရင်း လုပ်ငန်းစုရဲ့အမွေဆက်ခံသူ ဘဲ့ဟာရင်းပါ...

တစ်ဦးတည်းအတွေးလွန်နေရင်းကနေ ဟာရင်း  ကျောင်းသွားဖို့ပြင်ဆင်ကာ အောက်ထပ်ဆင်းလာခဲ့လိုက်တော့ ဧည့်ခန်းမှာ ထိုင်နေတာ မဟုတ်မှ ရှင်းအွန်းဂျောင်များလား။

"ရှင်း အွန်း ဂျောင်"

တစ်လုံးချင်းစီ ပီပီသသခေါ်လိုက်တဲ့ နာမ်စေားလေးအောက်မှာ အဘွားရှေ့မှာ စကားထိုင်ပြောနေရင်း သူမဘက်ကိုလှည့်ကြည့်လာတဲ့ အဲ့ဒီကောင်မလေး။
ထူးထူးဆန်းဆန်းပဲ သူ့မျက်နှာမှာ သူမအတွက်အပြုံးတွေရှိနေခဲ့တာ။

"ငါတို့ကျောင်းကိုအတူတူသွားရအောင်လေ ဟာရင်း"

"ဘာလဲ အရင်တစ်ခါက ငါ့ကိုခိုးပြေးမယ်ဆိုပြီး စေ့စပ်ပွဲလာဖျက်တယ်၊အခုလည်း ကျောင်းအတူသွားဖို့ပြောပြီး ဘာလုပ်အုံးမလဲ အအွန်းဂျောင်"

မယုံသင်္ကာဖြစ်နေတဲ့ သူမအနားကို တိုးကပ်လာတဲ့ ‌သူနဲ့နီးလာလေ ဟာရင်းရဲ့ ရင်ခုန်သံပိုကျယ်လာလေပဲ။

နှလုံးသားထဲက အကောင်ပေါက်လေးရေ မင်းရှေ့က အဲ့ကောင်မလေးဟာ မင်းကိုရော ငါ့ကိုရော နာကျင်စေတဲ့ မိန်းကလေးနော်။

ဒီထက်ပို မနစ်ဝင်ဖို့ ဟာရင်း ကိုယ့်ကိုယ်ကို သတိပေးရင်း ရှင်းအွန်းဂျောင် မျက်နှာကိုသာ ငေးကြည့်နေမိတယ်။

"ငါဘာလုပ်မလဲကို ဟာရင်းက သိချင်ရင် ငါနဲ့ကျောင်းအတူတူသွားရမှာပေါ့၊ ဘာလဲ တစ်မိုးအောက် တစ်ယောက် ဘဲ့ဟာရင်းက ရှင်းအွန်းဂျောင်ဆိုတဲ့ ငါ့လို ခပ်ချောချော ကောင်မလေးကို ကြောက်နေတာလား"

"ကြောက်တယ် အွန်းဂျောင် နှစ်ယောက်တည်းရှိနေရင် နင့်ကို ငါဘာလုပ်မိမယ် မသိလို့ ငါနင့်ကို ထိခိုက်အောင် လုပ်မိမှာကြောက်တာ"

*I love that swimmer*(အဲ့ ရေကူးသမားကိုငါချစ်တယ်)Where stories live. Discover now