♣️အပိုင်း_၆♣️

52 8 4
                                    

"အင်ယယ်ရင်း..."

သူမခေါ်သံကို ဂရုမစိုက်စွာ အကခန်းမဆီ ဦးတည်သွားနေတဲ့ ယယ်ရင်း လက်တွေကို အွန်းဂျောင်ဖမ်းဆွဲလိုက်ပြီး ယယ်ရင်းနဲ့ မျက်နှာချင်းဆိုင်မှာ ရပ်လိုက်ကာ

"ဘာလို့ ငါ့ကိုရှောင်နေတာလဲ ရန်ဖြစ်ပြီးတဲ့နေ့ကတည်းက ဘာလို့ကျောင်းကိုလဲ ပုံမှန်မတက်တာလဲ အင်ယယ်ရင်း"

အွန်းဂျောင်ကိုင်ထားတဲ့ လက်တွေကို ယယ်ရင်း တစ်ချက်ကြည့်ပြီး

"ရှင်းအွန်းဂျောင် နင်ငါ့ကို ကြိုက်နေတာလား"

သူမအွန်းဂျောင်ရဲ့ မျက်လုံးတွေဆီ တည့်တည့်ကြည့်ပြီး မေးချလိုက်တာကြောင့် အွန်းဂျောင် ဖြေရခက်တဲ့ပုံ။

"နင်သိလား ရှင်းအွန်းဂျောင်၊ငါအနားနင်ရှိရင် ငါ့ရင်ထဲက ခံစားချက်က ထူးဆန်းတယ်ဆိုတာ ၊ငါ့လို သွက်လက်ပြီး လှပတဲ့ မိန်းကလေးက နင့်လို ငတုံးမလေးကို ချစ်မိမယ်လို့ ငါလည်းတစ်ခါမှ တွေးမထင်ထားဘူး"

သူမဘက်က ခံစားချက်တွေဖွင့်ဟနေပေမယ့် အွန်းဂျောင် ဘယ်လိုလုပ်ရမလဲ။

ရှင်းအွန်းဂျောင်ဆိုတဲ့ ငါကလည်း နင့်ကိုချစ်ပါတယ်လို့ ပြန်ပြောလိုက်ရင် ဘဲ့ဟာရင်းနဲ့ သူမကြားက ပတ်သတ်မှုကို ယယ်ရင်းကို ပြောရမယ်။

အဲ့ဒီအကြောင်းကိုသိရင် ယယ်ရင်းက သူမကိုလက်ခံပေးနိုင်ပါ့မလား။

"ကြည့်လေ ငတုံး နင့်အပေါ်ထားတဲ့ ငါ့ခံစားချက်ကို ငါဖွင့်ပြောနေတာတောင် နင့်ဘက်က သေချာတဲ့ တုံ့ပြန်မှုမပေးဘဲ နင့်ခံစားချက်တွေကို ဖွင့်ဟဝန်ခံဖို့ကို သတ္တိနည်းနေတာ"

အွန်းဂျောင် ယယ်ရင်းလက်တွေကိုလွှတ်ပေးလိုက်ပြီး အရှေ့ကနေဖယ်ပေးလိုက်တယ်။

ယယ်ရင်း နှုတ်ခမ်းလှလှလေးဟာ မဲ့လိုက်သလိုပဲ။

ရှင်းအွန်းဂျောင်က သိပ်တော်တဲ့ ရေကူးအားကစားသမားဆိုတာ ငြင်းမရတဲ့ အမှန်တရားဖြစ်သလိုပဲ သူမရဲ့အချစ်တွေကို ဖွင့်ဟမဝန်ခံရဲတာ ဘာကြောင့်ဆိုတာ အင်ယယ်ရင်း စဉ်းစားမရဘူး။

သူမက အွန်းဂျောင်လို မိန်းကလေးဖြစ်နေလို့လား။

"အခုကစပြီး ငါနဲ့ဝေးဝေးနေ ရှင်းအွန်းဂျောင် ၊ငါနင့်ကိုအရမ်းမမုန်းသွားအောင်"

*I love that swimmer*(အဲ့ ရေကူးသမားကိုငါချစ်တယ်)Where stories live. Discover now