♣️အပိုင်း_၉♣️

51 5 7
                                    

ဒိုအာအဖေရဲ့ စီစဉ်မှုကြောင့် ကင်ဒါယွန်း ဂူဆောဟာ ဘန်းဝူရီနဲ့ ဘဲ့ဟာရင်းလည်း ဆောရှင်းဆေးရုံ ပရဟိတလုပ်ငန်းကို ဒိုအာနဲ့အတူလိုက်လာရသည်။

ဆိုးလ်နဲ့သိပ်မဝေးတဲ့ မြို့လေးမှာရှိတဲ့ မိဘမဲ့ဂေဟာခြံဝန်းထဲ ကားထိုးရပ်လိုက်တော့ ဂေဟာမှုးနဲ့ ဝန်ထမ်းတွေက ဆောဒိုအာတို့ကားနားကိုရောက်လာကြသည်။

"မဂ်လာပါ ကျွန်မက ဆောရှင်းဆေးရုံအုပ်ကြီးရဲ့သမီး ဆောဒိုအာပါ"

ကားပေါ်ကဆင်းပြီး ဂေဟာမှုးကို ဒိုအာနှုတ်ဆက်တော့ ဂေဟာမှူးကလည်း လိုက်လျောညီထွေဖြစ်စွာ သူမတို့အား ပြန်လည်နှုတ်ဆက်စကားဆိုသည်။

"ဆောရှင်း ဆေးရုံအုပ်ကြီးရဲ့သမီးကိုယ်တိုင်လိုက်လာတော့ ကျွန်မတို့ဂေဟာလေးအတွက် ခွန်အားပိုဖြစ်ရပါတယ်၊ လာပေးလို့ တကယ်ကျေးဇူးတင်ပါတယ် မမလေး ဒိုအာ"

ဂေဟာမှူးနဲ့ စကားပြောရင်း သူမသူငယ်ချင်းတွေကို လှည့်ကြည့်တော့ မိဘမဲ့ဂေဟာအတွက်အလှူပစ္စည်းတွေကို ကားပေါ်က ဝိုင်းချနေတဲ့ ဒါယွန်း ဆောဟာ နဲ့ ဘန်းဝူရီ ကိုမြင်တော့ ဒိုအာ သဘောကျနေမိသည်။

ဒီလိုကြတော့လည်း သူမရဲ့မနိုင်စိန်အဆိုးလေးတွေက ချစ်စရာကောင်းနေပြန်ရော။

"ဆောဟာ အဲ့ပုံးတစ်ခု ငါ့ကိုပေး"

အလှူပစ္စည်းတွေထည့်လာသည့် စက္ကူပုံး နှစ်ပုံး ဆင့်သယ်နေတဲ့ ဆောဟာဆီကနေ ဒိုအာ တစ်ပုံးလွှဲပြောင်းယူပြီးမှ ဘဲ့ဟာရင်းကို သတိရလို့ လှည့်ကြည့်တော့ လက်ထဲက ဖုန်းကိုသာ အာရုံစိုက်နေတဲ့ ဟာရင်းကြောင့် ဒိုအာ စိတ်မသက်သာစွာ ခေါင်းရမ်းမိတယ်။

"ဟာရင်းက တကယ် ကိုယ့် ဒုက္ခကိုယ်ရှာသလိုဖြစ်မနေဘူးလား ဆောဟာ၊ရှင်းအွန်းဂျောင် သူ့ကိုမကြိုက်တာ  ဒီလောက်သိသာနေတာကို စေ့စပ်ပွဲဖျက်ပစ်လိုက်သင့်တာ"

ဒါယွန်း စကားကြောင့် ဟာရင်းကို ခဏမျှငေးကြည့်ရင်း ဆောဟာ ခေါင်းရမ်းကာ ရှေ့ကနေ လမ်းပြနေတဲ့ ဂေဟာမှူးနောက်ကိုသာ လိုက်လာခဲ့သည်။

"ဘဲ့ဟာရင်း ဘဝက ငယ်ငယ်လေးကတည်းက ပြည့်ပြည့်စုံစုံနေလာခဲ့တာ သူလိုချင်တာ ဘာမဆိုအမြဲရခဲ့တော့ သူ့ကိုမချစ်တဲ့ အွန်းဂျောင်ကိုလည်း မရ ရအောင်ယူချင်တဲ့ သူ့စိတ်ကို ဘယ်သူ့မှ တားမရခဲ့တာ ဒါယွန်း"

*I love that swimmer*(အဲ့ ရေကူးသမားကိုငါချစ်တယ်)Where stories live. Discover now