♣️အပိုင်း_၃♣️

75 7 10
                                    

မနက်ပိုင်းအတန်းချိန်ပြီးတော့ အွန်းဂျောင်သူမဖုန်းကိုဖွင့်ကြည့်ချိန် သူမရဲ့ ရေကူးနည်းပြမှ မက်ဆေ့တွေပို့ထားသည်။

💌ညနေလေ့ကျင့်ချိန်ကိုပျက်ကွက်လို့မဖြစ်ဘူးနော် အွန်းဂျောင်၊ဥက္ကဠကြီးက မနေ့က မင်းရေကူးမလေ့ကျင့်တာကိုသိထားတယ်။💌

"ငါတို့နေ့လယ်စာဘာစားရင်ကောင်းမလဲ ဆောဟာ"

ဆောဟာရဲ့ပုခုံးကို ဖက်ကာ ဒါယွန်းမေးတော့ ဆောဟာမှာ ကိုယ့်ထက်မြင့်တဲ့အရပ်ကြီးကို မော့ကြည့်ရပြန်ပါသည်။

နှစ်ယောက်စလုံးက မူကြိုကလေးတွေမဟုတ်တော့ပေမယ့် ကင်ဒါယွန်းနဲ့ပတ်သတ်လာရင် ‌ဂူဆောဟာခင်ဗျာ ကလေးထိန်းကြီး တစ်ယောက်ဖြစ်မှန်းမသိဖြစ်နေရတာလေ။

အင်း သူမက ဆောဟာက ဒါယွန်းရဲ့ ကလေးထိန်းဆို ဘဲ့ဟာရင်းရဲ့ ကလေးထိန်းက ဆောဒိုအာပေါ့။

"နင်ကြိုက်တာပြော ငါရွေးပေးမယ် ဒါယွန်း၊ဒီနေ့ နေ့လယ်စာစားချိန်တော့ ကလေးတွေကို ပြဿနာမရှာ‌ပဲနေမယ်ဆို သိပ်ကျေးဇူးတင်မိမှာ"

ဆောဟာရဲ့ပုခုံးပေါ်ကနေ ဒါယွန်းလက်တွေဖယ်လိုက်ပြီး

ဝူရီအနားတိုးကပ်သွားကာ

"နင့်မှာ ဒီနေ့အတွက်ပျော်စရာဘာအစီစဉ်ရှိလဲ ဝူရီ"

"ညနေကြရင် ငါတို့ club goရအောင်လေ ဒါယွန်း"

ဆောဒိုအာ ထိုနှစ်ယောက်ကို စိတ်ပျက်စွာ ခေါင်းယမ်းပြမိတယ်။

အထက်တန်းကျောင်းသူဆိုပေမယ့် Night Clubနဲ့ နာမည်ကြီးBear Barတွေကို မကြာခဏသွားနေကြ။

သူတို့သွားတဲ့အခါ ဟာရင်းလည်းအတူလိုက်သွားနေတာမို့ ကိုယ့်မှာ အဲ့လိုညတွေဆို အိမ်မှာအေးဆေး စာဖတ်နေချင်ဝာာတောင် ဟာရင်းကိုထိန်းဖို့ အတူလိုက်သွားရပြန်သည်။
မလိုက်လို့လည်းမရပေ။

တစ်ဦးတည်းသော မြေးမလေးကို တုန်နေအောင်ချစ်သော ဟာရင်းအဘွားမှာ ဆောဒိုအာ မပါရင် ဘဲ့ဟာရင်းကို အလည်ပတ်ခရီးထွက်ဖို့နဲ့ Shoppingထွက်တာတောင် ခွင့်မပြုပါ။

ဘဲ့ဟာရင်းအတန်းအပြင်ဘက်ရောက်တာနဲ့ ဘန်းဝူရီကိုတစ်ချက်ကြည့်လိုက်သည်။
ဝူရီက နားလည်သဘောပေါက်စွာ အနောက်မှာကျန်နေခဲ့ပြီး ဆောင်းဆူဂျီတို့အဖွဲ့ အတန်းထဲက ထွက်လာတာမြင်တဲ့အခါ

*I love that swimmer*(အဲ့ ရေကူးသမားကိုငါချစ်တယ်)Where stories live. Discover now