♣️အပိုင်း_၁၃♣️

59 6 2
                                    

"ငါနဲ့တွဲကြမလား ဘဲ့ဟာရင်း၊ ငါနင့်ကောင်မလေးဖြစ်ချင်လို့"

ဟာရင်း မြောင်ဂျာအွန်း အနားကို တိုးကပ်သွားပြီး ဆေးလိပ်မကိုင်ထားတဲ့လက်နဲ့ သူ့နဖူးကို စမ်းကြည့်မိတယ်။

"အပူချိန်လည်း သိပ်မရှိပါဘူး နင်တစ်နေရာရာကများ နေမကောင်းဖြစ်နေတာလား မြောင်ဂျာအွန်း"

ကိုယ့်အနားကိုကပ်ကာ လေသံတိုးတိုးဖြင့် ပြောလာတဲ့ ဘဲ့ဟာရင်း ကြောင့် ဂျာအွန်း ရင်ထဲမှာ လိပ်ပြာပေါင်းများစွာ ပျံသန်းနေသလို ရင်ဖိုနေမိတယ်။

""နင်ပြောတာမှန်တယ် ဟာရင်း ငါ့နှလုံးသားက နင့်ကို ပိုင်ဆိုင်ချင်တဲ့ အတ္တစိတ်ကြောင့် နာမကျန်းဖြစ်နေတာ"

ဂျာအွန်းစကားကိုကြားတော့ ဟာရင်းမျက်ခုံးတွေပင့်တက်သွားတယ်။
သူမသိထားတဲ့ မြောင်ဂျာအွန်းက သိပ်ကိုအနေအေးတဲ့သူမဟုတ်လား။

"နင်ကရှင်းအွန်းဂျောင် မဟုတ်တဲ့အတွက် အဲ့ဒီနာမကျန်းမှုကို ကုသပေးဖို့ တစ်ခြားသူကိုရှာလိုက်ပါ မြောင်ဂျာအွန်း"

"နင့်နှလုံးသားထဲမှာရှိနေတဲ့ အွန်းဂျောင်နာမည်နေရာမှာ ငါ့‌နာမည်ရေးထိုးနိုင်ဖို့ ငါအခုကစပြီး သေချာကြိုးစားတော့မှာ ဟာရင်း"

ဂျာအွန်းရဲ့ခန္ဓာကိုယ်ကိုတစ်ပတ်ပတ်ကာလိုက်ကြည့်နေတဲ့ ဟာရင်း သူမရဲ့ဝဲကျနေတဲ့ဆံပင်ကို နားအနောက်သပ်တင်ပြီး ဆေးလိပ်ငွေ့တွေကို ဂျာအွန်းမျက်နှာဆီ မှုတ်ထုတ်တယ်။

"မတည်နိုင်တဲ့ကတိစကားတွေပြောနေမယ့်အစား နင့်နှလုံးသားတစ်ခုလုံးကို ငါ့ဆီအရမ်းကြီးမနစ်ဝင်ခင် တစ်ခြားတစ်ယောက်ကိုပဲ ရွေးချယ်လိုက်စမ်းပါ"

ကျောခိုင်းကာလှည့်ထွက်သွားဖို့ပြင်နေတဲ့ ဟာရင်းလက်ကိုဆွဲပြီး သူမရင်ခွင်ထဲမှာဖက်ထားလိုက်တော့ ရုန်းကန်နေတဲ့ ရင်ခွင်ထဲက ချစ်ရသူလေးဟာ ဂျာအွန်းရဲ့ခြေထောက်တွေကို ဖိနင်းလာတယ်။

မင်းခြေထောက်နဲ့တက်နင်းယုံမက ဆေးလိပ်မီးနဲ့ထိုးစမ်းပါ ချစ်ရသူပြုသမျှ အပြုံးမပျက်သည်းခံပေးချင်မိတာအမှန်ပါ ဟာရင်းရားး။

*I love that swimmer*(အဲ့ ရေကူးသမားကိုငါချစ်တယ်)Where stories live. Discover now