♣️အပိုင်း_၄♣️

61 6 6
                                    

ဆောရှင်း ဆေးရုံ

"အွန်းဂျောင် သမီးဒီရှေ့မှာ ခဏစောင့်နေအုံးနော် အဖေ သမီးရဲ့ အမေကို ကုသပေးနေတဲ့ ဆရာဝန်နဲ့တွေ့လိုက်အုံးမယ်"

ဆရာဝန်ရုံးခန်းထဲဝင်သွားတဲ့ သူမအဖေထွက်လာမယ့်အချိန်ကို အွန်းဂျောင်စောင့်နေမိတယ်။

အမေက ကားတိုက်ခံရပြီး ဆောရှင်း ဆေးရုံရဲ့ အရေးပေါ်အထူးကြပ်မတ် ကုသခန်းထဲ သတိမရသေးတဲ့အခြေနေ။

"ဒေါက်တာက ဆရာဝန်မဟုတ်ဘူးလား ဘာလို့သမီးအဘွားကို မြန်မြန်ပြန်ကျန်းမာအောင် မကုပေးရတာလဲ"

ဆရာဝန်ကိုတောင် အပေါ်စီးဆန်တဲ့‌စကားတွေပြောနေတဲ့ ကောင်မလေးကို ရှင်းအွန်းဂျောင် စိတ်ဝင်စားပြီး ငေးကြည့်နေမိတယ်။

ကောင်မလေးက အွန်းဂျောင်နဲ့အသက်အတူတူလောက်ရှိမယ်။

"ကျွန်တော်တို့လည်း ဥက္ကဠကြီးအမြန်နေကောင်းအောင် ကြိုးစားကုသနေပါတယ် မမလေး ဟာရင်း"

"ဥက္ကဠကြီးအတွက် နှလုံးအလှူရှင်အမြန်ရအောင် ဆေးရုံအုပ်ကြီးလည်း ကြိုးစားရှာဖွေနေပါတယ်"

ဒါဆို အဘွားက နှလုံးအလှူရှင်ရရင် အမြန်နေကောင်းလာမှာလား"

ဟာရင်းစကားကို ဆရာဝန်ကအားတက်သရော ခေါင်းညိတ်ပြကာ

"ဒါပေါ့ မမလေးဟာရင်း နှလုံးအသစ်သာအစားထိုးနိုင်ရင် ဥက္ကဠကြီးက မမလေးဟာရင်း နဲ့အတူ အချိန်တွေအကြာကြီးနေသွားနိုင်မှာ"

"ဒါဆို အဘွားတွက် နှလုံးကို ကျွန်မလှုမယ် ၊ကျွန်မနှလုံးကိုရရင် အဘွားအမြန်ပြန်ကျန်းမာလာပြီး ကျွန်မနဲ့အတူတူ ခရီးတွေအများကြီးထွက်နိုင်မှာပေါ့"

ဘဲ့ဟာရင်းစကားကြောင့် ဆရာဝန်မှာ စိတ်မကောင်းဖြစ်မိတယ်။
နှလုံးအစားထိုးကုသခြင်းဆိုတာ လူတစ်ယောက်အသက်ရှင်ဖို့ လူတစ်ယောက်သေမှဖြစ်တာမျိုးလေ။

"ဟာရင်း အဲ့လိုတွေလျှောက်ပြောမနေပဲ အဘွားနားမှာပဲ လိမ်လိမ်မာမာနေ"

ဆောရှင်း ဆေးရုံရဲ့ ဆေးရုံအုပ်ကြီးသမီး ဆောဒိုအာရဲ့ စကားကြောင့် ဘဲ့ဟာရင်း သူမရဲ့နှုတ်ခမ်းလေးကို ချစ်စဖွယ်ကောင်းအောင် စူလိုက်ပြီး

*I love that swimmer*(အဲ့ ရေကူးသမားကိုငါချစ်တယ်)Where stories live. Discover now