♣️အပိုင်း_၁၅♣️

60 6 12
                                    

ကျေးငှက်လေးတွေရဲ့ အော်သံနဲ့မနက်ခင်းရဲ့ နေရောင်ခြည်က အခန်းထဲကို တိုးဝင်လာတာမို့ ချစ်သူကို နေမထိုးဖို့အတွက် အိပ်ယာထက်က အသာယာထပြီး ကုတင်အောက်ဆင်းကာ ထိုင်ပြီး ယယ်ရင်း မျက်နှာလေးကို တစ်စိမ့်စိမ့် ငေးကြည့်နေမိတယ်။

သူမရဲ့အမျိုးသမီးငယ်လေးရဲ့ မနက်ခင်းအလှတရားလေးက ရင်ကိုအေးချမ်းစေတာမို့ သူမ
နိုးထလာတဲ့ မနက်ခင်းတိုင်းမှာ ယယ်ရင်းမျက်နှာလေးကို မြင်ချင်မိတဲ့အထိ လောဘတက်မိတာ အွန်းဂျောင် သိပ်များလွန်နေမလား။

ယယယ်ရင်းမျက်လုံးကိုအသာယာဖွင့်ကြည့်မိတော့ သူမရှေ့မှာထိုင်ပြီး ကုတင်ပေါ်မေးတင်ကာ ကြည့်နေတဲ့ ချစ်သူလေးကို မျက်လုံးတစ်ဖက်မှိတ်ပြကာ ပြုံးပြမိတော့ အွန်းဂျောင်ရဲ့ အနမ်းတွေက သူမ ပါးထက်ကို ညင်သာစွာရောက်ရှိလာတယ်။

"ဒီနေ့ မမ မိသားစုတွေနဲ့ မိတ်ဆက်ပေးမယ်နော် အွန်းဂျောင်လေး"

နှုတ်ခမ်းကို တစ်ချက်ဖိကပ်နမ်းပြီး ပြောလာတဲ့ ယယ်ရင်းရဲ့အပြုမူလေးက အွန်းဂျောင်ရဲ့ စိတ်နှလုံးသားကို နွေးထွေးစေသည်။

ရေချိုးခန်းထဲဝင်သွားတဲ့ ယယ်ရင်းကို စောင့်နေရင်း အင်မိသားစုဝင်တွေကို ဘယ်လို မိတ်ဆက်ရမလဲဆိုတာ စဉ်းစားနေပေမယ့် အဖြေကထွက်မလာ။

ကမ္ဘာ့အတော်ဆုံး ရေကူးချန်ပီယံနဲ့ပြိုင်ပြီး ရေကူးရဲပေမယ့် ယယ်ရင်း မိဘတွေရှေ့မှာ သူတို့သမီးရဲ့ ချစ်သူအဖြစ်မိတ်ဆက်ဖို့ကို အွန်းဂျောင်မှာ ယုံကြည်ချက်မရှိတာအမှန်။

ရေချိုးခန်းထဲကထွက်လာတဲ့ ယယ်ရင်း အဝတ်စားလဲနိုင်အောင် အခန်းပြတင်းပေါက်အနားသွားက ခြံထဲကို ငေးကြည့်နေလိုက်သည်။

"စိတ်လှုပ်ရှားနေတာလား အွန်းဂျောင် ၊ မမ မိဘတွေက လက်မခံပေးရင်လည်း ဒီ မမက အွန်းဂျောင်လေး လက်ကိုတွဲပြီး ဘယ်မဆိုလိုက်မှာ ယုံ"

အနောက်ကနေ ကိုယ့်ခါးကို သိုင်းဖက်လာပြီး ပုခုံးပေါ်မေးတင်ကာ အားပေးစကားပြောလာတဲ့ ချစ်သူနဲ့ မျက်နှာချင်းဆိုင်လိုက်ပြီး

"ယယ်ရင်းလေးရဲ့ မိဘတွေ ငါ့ကိုလက်ခံလာဖို့ ငါကြိုးစားမှာပေါ့ ၊ငါ့ချစ်သူလေးရဲ့ အချစ်တွေကိုတောင် ရအောင်ယူနိုင်ရင် အင်မိသားစုဝင်တွေရဲ့ အချစ်တွေကို သိမ်းပိုက်နိုင်ရမှာပေါ့ ယယ်ရင်းရားး"

*I love that swimmer*(အဲ့ ရေကူးသမားကိုငါချစ်တယ်)Where stories live. Discover now