♣️အပိုင်း_၁၀♣️

58 7 6
                                    

ဆိုးလ်ရောက်ရင် ဆက်သွယ်မယ်ပြောလိုက်ပေမယ့် အခုထိ ယယ်ရင်းဆီ သူမ စာမပို့ဖြစ်။

ဒီနေ့မနက် အွန်းဂျောင်အိပ်ရာက နိုးတော့ သူမဖုန်းထဲ ယယ်ရင်းပို့ထားသည့် မက်ဆေ့တွေကိုကြည့်ပြီး သူမ ဘာလုပ်သင့်လဲ။

အတွေးများစွာနဲ့မနက်ခင်း‌ေလးကြောင့် အွန်းဂျောင် စိတ်ရှုပ်ထွေးနေသည်။

"မနေ့က သူငယ်ချင်းတွေနဲ့ ခရီးထွက်တာအဆင်ပြေရဲ့လား အွန်းဂျောင်"

ကျောင်းသွားဖို့ပြင်ဆင်ပြီး သူမအခန်းထဲကထွက်လာတာမြင်‌တော့ အဖေက မနက်စာစားပွဲဝိုင်းမှာ ထိုင်ရင်း လှမ်းမေးသည်။

အဖေပြင်ဆင်ထားတဲ့ မနက်စာကိုကြည့်ပြီး အွန်းဂျောင် အလိုမကျစွာ နှုတ်ခမ်းစူပြီး စားပွဲဝိုင်းမှာ ဝင်ထိုင်သည်။

သမီးငယ်ငယ်လေးတည်းကနေ ဒီအရွယ်ထိ အဖေရဲ့ပေါင်မုန့် မီးကင်က မတူးတဲ့နေ့ကိုမရှိဘူးနော်"

"အဖေရဲ့တူး‌ေနတဲ့ပေါင်မုန့် မီးကင်ကိုမကြိုက်ရင်  မင်းရဲ့ သတိုးသမီးလောင်းနဲ့ မြန်မြန်လက်ထပ်ပြီး သူဠေးအိမ်က ချွေးမ သွားလုပ်"

သူမစကားကို စိတ်မဆိုးတဲ့အပြင် တစ်ဦးတည်းသော သမီးကို အမြန်လက်ထပ်စေချင်တဲ့ အဖေရဲ့စေတနာတွေက ဩချလောက်စရာ။

"သမီး ဘဲ့ဟာရင်းနဲ့ စေ့စပ်ပွဲဖျက်ချင်လို့ အဲ့ဒါ အဖေပဲ ဥက္ကဠကြီးကို သွားပြောပေးပါလား"

တူးနေတဲ့ပေါင်မုန့်မီးကင်ကိုစားနေတဲ့အဖေက အွန်းဂျောင် စကားကြားပြီး သူ့မျက်လုံးတွေ ပြူးကျယ်သွားကာ သူ့သမီးကို အထူးဆန်းလိုကြည့်နေတယ်။

"ဥက္ကဠဘဲ့ကို သူ့မြေးနဲ့ စေ့စပ်ပွဲဖျက်သိမ်းချင်ကြောင်း သွားပြောမိတဲ့နေ့က မင်းအဖေရဲ့ သေနေ့နော် ရှင်းအွန်းဂျောင်..."

"အဖေ့ရဲ့ အဖိုးတန်တစ်ဦးတည်းသော သမီးအတွက် အဖေ့အသက်ကို စတေးရမှာ မနှမျောသင့်ဘူးလားလို့"

ဟုတ်တယ်လေ အမေမရှိတော့ကတည်းက အဖေ့ဘဝရဲ့ တန်ဖိုးအရှိဆုံးက လူငယ်အလွတ်တန်းရေကူးပြိုင်ပွဲရဲ့  ရေကူးကစားသမားဖြစ်တဲ့ ရှင်းအွန်းဂျောင် ဆိုတဲ့ သူမပဲရှိတာကို။

*I love that swimmer*(အဲ့ ရေကူးသမားကိုငါချစ်တယ်)Where stories live. Discover now