♣️အပိုင်း_၁၄♣️

51 7 21
                                    

ဒိုအာရဲ့ ဦးဆောင်မှုနဲ့အတူ Night Clubရောက်နေကြတဲ့ ဟာရင်းတို့အဖွဲမှာ သူမတို့ကို ငေးနေကြတဲ့ ကောင်လေးတွေကို အာရုံသိပ်မလာချေ။

"ဒိုအာ နင်တစ်ယောက်ယောက်ကို မျှော်နေတာလား၊ဝင်လာကတည်းက clubဝင်ပေါက်ကိုပဲ အာရုံရောက်နေတာမဟုတ်လား"

"အွန်း ဆူဂျီနဲ့ သူ့သူငယ်ချင်းတွေကိုပါ ငါခေါ်ထားတာ"

ဒိုအာရဲ့စကားအဆုံးမှာ ‌သူမတို့ဝိုင်းကိုလာမိတ်ဆက်တဲ့ကောင်မလေးတွေကို ဒိုင်ခံစကားပြောနေတဲ့ ကင်ဒါယွန်းရဲ့ မကျေနပ်သံစတင်ထွက်ပေါ်လာတော့သည်။

"ဆောဒိုအာ အဲ့အဖွဲ့နဲ့ ငါတို့ကအဆင်မပြေတာသိရက်နဲ့ ဘာအကြံနဲ့ ခေါ်ထားတာလဲ၊သူတို့လာမယ်ဆို ငါပြန်တော့မယ်"

တကယ်ကြီး ထပြန်ဖို့လုပ်ပြီး မတ်တပ်ရပ်‌လာတဲ့ ဒါယွန်းကို ဆောဟာက အရှေ့ကနေပိတ်ရပ်ကာ တားလိုက်တယ်။

"အတန်းဖော်အချင်းချင်း ဘယ်လောက်ပဲ သဘောမကျဘူးဆိုပေမယ့် သူငယ်ချင်းစီစဉ်ထားတဲ့ ပွဲကိုဖျက်ဖို့အထိ မရူးမိုက်စမ်းနဲ့ ဒါယွန်း"

"ဂူဆောဟာ နင်အခုဘယ်သူ့ဘက်ကပါနေတာလဲ"

"ဆောဟာ ပြောတာမှန်တယ် ဒါယွန်း နင့်ရဲ့ကလေးဆန်တဲ့အမူယာတွေကို ကျောင်းမှာသာထားခဲ့စမ်းပါ"

ဘန်းဝူရီကိုမကျေနပ်နဲ့ဘုကြည့်ကြည့်ပြီး သူမနေရာမှာပြန်ထိုင်ကာ clubထဲကိုမျက်စိကစားနေချိန် ဒါယွနါးရဲ့အကြည့်တွေဟာ သူမတို့ဝိုင်းကိုလာနေတဲ့ ဂျာအွန်းကိုသာ ငေးကြည့်နေမိတယ်။

"ငါတို့နောက်ကျသွားတာ ဆောရီး ဒိုအာ"

"သိပ်နောက်မကျပါဘူး ဆူဂျီ ငါတို့အဖွဲ့က စောပြီးရောက်နေတာ"

ဒိုအာဘေးမှာဝင်ထိုင်ပြီး စကားပြောနေတဲ့ ဆူဂျီထက်ဘယ်သူ့ဘေးမှာမှ မထိုင်သေးဘဲ ဟာရင်းမျက်နှာကို ငေးကြည့်နေတဲ့ ဂျာအွန်းကတော့ ဒါယွန်းရဲ့ အကြည့်တွေကို သတိမထားမိပေ။

"ဒီနေ့ ငါတို့ဂျာအွန်း တယ်မိမိုက်နေပါလား၊နင်ဒီလောက်လှမှန်း အခုမှသိတော့တယ်"

ဘန်းဝူရီရဲ့စကားက အပိုမဟုတ်။
ကျောင်းမှာဆို အပေါ်ဝတ်အင်္ကျီလက်ရှည်အပွကိုသာ အမြဲဝတ်ထားတဲ့ ဂျာအွန်းခန္ဓာကိုယ်အလှကို သူမတို့တကယ်မသိခဲ့။

*I love that swimmer*(အဲ့ ရေကူးသမားကိုငါချစ်တယ်)Where stories live. Discover now