♣️အပိုင်း_၂♣️

117 7 14
                                    

"I Love that swimmer"(အဲ့ ရေကူးသမားကို ငါချစ်တယ်)

            ♣️အပိုင်း_၂♣️

"မြောင်ဂျာအွန်း!!"

ဆူဂျီရဲ့စူးရှလွန်းတဲ့ အော်ခေါ်သံကြောင့် ကျောင်းဝန်းထဲဝင်တော့မယ့် ဂျာအွန်းရဲ့ခြေလှမ်းတွေရပ်တန့်ပြီး နေရာမှာတင် ကျောက်ရုပ်ဖြစ်သွားရသလို။
အဲ့အသေးလေးက လူကသာ ကိုယ့်အရပ်ကိုမမှီတာ အသံအောင်ချက်က သူမစိတ်တိုလို့အော်လိုက်ရင် တစ်ကျောင်းလုံးလွင့်ထွက်သွားနိုင်တယ်။

ရပ်နေတဲ့ ဂျာအွန်းအနားရောက်လာတာနဲ့ ဆောင်းဆူဂျီ ပထမဆုံးလုပ်မိတာက သူမရဲ့စက်ဘီးကို ဂျာအွန်းလက်ဆီလွှဲပြောင်းပေးတာ

"မနေ့ညနေက ငါပြောထားတဲ့စကားကို ဂရုမစိုက်ပဲ နင်တစ်ယောက်တည်း ကျောင်းလာတယ်ပေါ့လေ မြောင်ဂျာအွန်း"

"မနေ့ညနေက"

ဆူဂျီရဲ့စကားကို ဂျာအွန်းသံယောင်လိုက်မိရင်း မနေ့ညနေက ကျောင်းကအပြန် ဆူဂျီရဲ့ လေးနက်လွန်းတဲ့ မျက်နှာအမူယာကြောင့်

"ဟာရင်းက ဘာပြောလိုက်လို့ အတွေးတွေများနေတာလဲ ဆူဂျီ သူနင့်ကိုတစ်ခုခုလုပ်လိုက်သေးလား"

အပြောနဲ့အတူ ဆူဂျီရဲ့ ခန္ဓာကိုယ်ကိုလိုက်စစ်နေတဲ့ ဂျာအွန်း ရဲ့လက်တစ်ဖက်ကို ဖမ်းကိုင်လိုက်ပြီး

" နင် ဘဲ့ဟာရင်း ကိုလိုက်ကြည့်ပါလား ဂျာအွန်း"

ဆူဂျီရဲ့စကားကို နားမလည် သူမက ဘာလို့ ဘဲ့ဟာရင်းနောက်ကို လိုက်ရမှာလဲ။

"နင်အခု ဘဲ့ဟာရင်းကို နောက်ယောင်ခံလိုက်ဖို့ ငါ့ကိုပြောတာလား ဆူဂျီ"

"ငါပြောတဲ့ ဟာရင်းကို နင်လိုက်ရမယ်ဆိုတဲ့ စကားက နောက်ယောင်ခံလိုက်ခိုင်းတာ မဟုတ်ဘူး"

"ဒါဆို"

သူမပြောတဲ့စကားကို နားမလည်တဲ့သူငယ်ချင်းမလေးကို ဆူဂျီအသည်းယားစွာ ဆုပ်ကိုင်ထားတဲ့ ဂျာအွန်းရဲ့လက်ကိုဖျစ်ညှစ်လိုက်ပြီး

"ဘဲ့ဟာရင်းကို နင့်ရဲ့ကောင်မလေးဖြစ်အောင် ကြိုးစားခိုင်းတာ"

"ရားးးးး ဆောင်းဆူဂျီ  နင်ငါ့ကို ကျားအမှီး‌ပဲပြေးဆွဲခိုင်းပါ့လား"

*I love that swimmer*(အဲ့ ရေကူးသမားကိုငါချစ်တယ်)Where stories live. Discover now