♣️အပိုင်း_၁၉♣️

75 8 25
                                    

"စီနီယာ ယယ်ရင်း ညီမတို့ကိုလက်မှတ်လေးထိုးပေးပါနော်"

အတန်းရှေ့မှာစောင့်ပြီး သူမလက်မှတ်ကိုလိုချင်နေကြတဲ့ ဂျူနီယာကျောင်းသူတွေကို ယယ်ရင်းပြုံးပြကာ ကောင်မလေးတွေနာမည်ကို တစ်ယောက်စီမေးပြီး လက်မှတ်ထိုးပေးလိုက်သည်။

ပွဲဦးထွက်ဖျော်ဖြေပွဲရဲ့အောင်မြင်မှုနဲ့အတူ ယယ်ရင်း အလုပ်များလာတာကြောင့် ကျောင်းကိုနေ့တိုင်းမလာဖြစ်ပေမယ့် သူမအချိန်ရတိုင်း ကျောင်းကိုသာ အရင်ပြေးလာတတ်သည်။

"ညီမတို့ စီနီယာနဲ့ ဓာတ်ပုံရိုက်လို့ရမလား"

လက်ထောင်ကာ ချစ်စဖွယ်အမူယာနဲ့တောင်းဆိုနေတဲ့ ဂျူနီယာလေးကို ယယ်ရင်း လက်မနဲ့လက်ညှိုးဝိုင်းပြလိုက်ကာ ဓါတ်ပုံအတူတွဲရိုက်ပေးလိုက်တယ်။

"ကလေးတို့ ဒီလောက်နဲ့ပြန်ကြတော့နော် အစ်မ စာသင်ရအုံးမယ်လေနော်"

ယယ်ရင်းတစ်ခွန်းပြောယုံနဲ့ ဂျူနီယာကျောင်းသူလေးတွေအားလုံး Happy class 3_6အခန်းရှေ့ကနေ ထွက်သွားကြတယ်။

ယယ်ရင်းလည်း အတန်းထဲဝင်လာကာ သူငယ်ချင်းတွေကို နှုတ်ဆက်ရင်း သူမရဲ့စာသင်ခုံရှိရာဆီလျှောက်လာခဲ့သည်။

"ဘန်းဝူရီ ငါ့ရဲ့အွန်းဂျောင်လေးနဲ့ ဘဲ့ဟာရင်းရော"

ချစ်သူလေးနဲ့အတူ ဘဲ့ဟာရင်းကိုပါ မတွေ့ရပေ။

"အွန်းဂျောင် နဲ့အတူ ရေကူးကန်ဘက်သွားတာမြင်လိုက်တယ် ယယ်ရင်း"

ဆုန်းဂျယ်ဟျောင်းနဲ့အတူ အနုပညာသတင်းတွေကြည့်နေရင်း ပြောလိုက်တဲ့ ဘန်းဝူရီရဲ့  ညစ်ကျယ်ကျယ်အပြုံးလေးကိုတော့ ယယ်ရင်းမမြင်လိုက်ပါ။

"ဟိုင်း..ယယ်ရင်းရှီ"

ကျောင်းသူတွေရဲ့အိမ်စာ စာအုပ်တွေကို ဂျာအွန်းကို ဝိုင်းကူသယ်ပေးရင်း အတန်းထဲဝင်လာတဲ့ဆူဂျီနဲ့ ဂျာအွန်း နှုတ်ဆက်တာကိုတောင် ယယ်ရင်းမှာ ပြန်ဖြေဖော်မရဘဲ ပြေးထွက်သွားလေပြီ။

"ယယ်ရင်း ဘယ်ကိုသွားတာလဲ ဂျယ်ဟျောင်း"

"ရှင်းအွန်းဂျောင် ရှိတဲ့ ရေကူးကန်ဆီကိုပေါ့ ဆူဂျီ"

*I love that swimmer*(အဲ့ ရေကူးသမားကိုငါချစ်တယ်)Unde poveștirile trăiesc. Descoperă acum