♣️အပိုင်း_၅♣️

52 6 1
                                    

🏫ကင် အိမ်တော်🏫

ဂူဆောဟာ အပေါ်ထပ်က ဒါယွန်းအခန်းထဲဝင်ခဲ့ပြီး ကလန်ကလား အိပ်ပျော်နေကြတဲ့ ဝူရီနဲ့ဒါယွန်းကို နှိုးနေပေမယ့် မ ချော နှစ်ယောက်က ကာလနဂါးဝင်စားသလို ဟောက်သံပေးပြီးတောင် အိပ်လို့ကောင်းနေတုန်း။

"ကင်ဒါယွန်း ဘန်းဝူရီ အောက်ထပ်မှာ ဘဲ့ဟာရင်းရောက်နေတယ်"

ဟာရင်းဆိုတဲ့ နာမည်ကြားတော့ ကာလနဂါးနှစ်ကောင်မှာ မျက်လုံးအတင်းပြူးပြဲဖွင့်ကာ အလန့်တကြားပုံစံနဲ့

"ဘယ်အချိန်ပြီလဲ ဆောဟာ ၊ဟာရင်း ရောက်နေတာကြာပြီလား နေပါအုံး ရေချိုးခန်း ရေချိုးခန်းက ဘယ်မှာပါလိမ့်"

ဘန်းဝူရီရဲ့ တရစပ်အမေးကို ဆောဟာမဖြေခင် ကင်ဒါယွန်းက ဝူရီကိုရေချိုးခန်းဘက်ဆွဲခေါ်သွားကာ

"စကားများနေဖို့အချိန်မရှိဘူး ဘန်းဝူရီ ဟာရင်း စိတ်မရှည်ပဲ ထပြန်သွားရင် ငါ့အဖေ ငါ့ကိုသတ်လိမ့်မယ်"

ရေချိုးခန်းထဲ ကသုတ်ကရိုက်ဝင်သွားတဲ့ နှစ်ယောက်အတွက် လိုအပ်တဲ့ အဝတ်စားတွေထုတ်ပေးထားပြီး ဆောဟာ အောက်ထပ်ကို ပြန်ဆင်းခဲ့တယ်။

"အဲ့ကလေးမ နှစ်ယောက် နိုးပြီလား ဆောဟာ"

ဒါယွန်းအဖေရဲ့အမေးကို ဆောဟာ ခေါင်းညိတ်စွာ

"ဟာရင်း ရောက်နေတယ်ကြားတာနဲ့ ရေချိုးခန်းထဲ တန်းဝင်ပြေးပြီ သခင်ကြီး"

"တော်တယ် ဆောဟာ မနက်စာကို ဦးလေးတို့မိသားစုနဲ့အတူ လာဝင်စား"

"ဟို သခင်ကြီး ကျွန်မ‌အဖေနဲ့ အတူစားလိုက်ပါ့မယ် အားနာပေမယ့် ငြင်းပါရစေ"

သူမငြင်းလိုက်တော့ သခင်ကြီးရဲ့မျက်နှာက တင်းမာသွားတာကြောင့် ဆောဟာ ထမင်းဝိုင်းမှာ ဝင်ထိုင်ရသည်။

အပေါ်ထပ်ကပြေးဆင်းလာတဲ့ ဒါယွန်းနဲ့ ဝူရီ ဟာရင်းကို ဧည့်ခန်းမှာမတွေ့တော့ ထမင်းစားခန်းထဲဝင်လာခဲ့ကြသည်။

"ဟာရင်းက ဘယ်မှာလဲ ဆောဟာ မဟုတ်မှ သူပြန်သွားပြီလား"

"ကင်ဒါယွန်း နင်ငတုံးလား ဘဲ့ဟာရင်းလိုမိန်းကလေးက ဘာလို့ဒီအိမ်ကို မနက်အစောကြီးလာမှာလဲ"

*I love that swimmer*(အဲ့ ရေကူးသမားကိုငါချစ်တယ်)Where stories live. Discover now