♣️အပိုင်း_၁၆♣️

48 8 6
                                    

လုင်ငန်းစုကြီးတစ်ခုရဲ့ အမွေဆက်ခံသူအဖြစ် မွေးလာခဲ့တဲ့ သူမဘဝမှာ လက်ညှိုးညွှန်ရာ မရတာမရှိခဲ့‌ပါ။
တစ်ဦးတည်းသောသားထက်ပိုပြီး မြေးကိုချစ်ခဲ့တဲ့ အဘွားဟာ သူမမြေးလေး မျက်နှာတစ်ချက်မညှိုးရစေဖို့ အရိပ်တကြည့်ကြည့်စောင့်ရှောက်ပေးခဲ့သည်။

ဘယ်လောက်ပဲ စည်းစိမ်ချမ်းသာမှုတွေပြည့်စုံပါစေ လူတိုင်းဟာ အရာအားလုံးတော့ တကယ်မပြည့်စုံနိုင်ဘူးဆိုတာကို ရှင်းအွန်းဂျောင် ဆိုတဲ့ ကောင်မလေးကိုတွေ့မှ ဘဲ့ဟာရင်းတစ်ယောက် နားလည်ခဲ့ခြင်းပင်။

သူ့ကိုယ့်ကိုမချစ်မှန်းသိတဲ့ အသိစိတ်ကြောင့် အမြဲနာကျင်ရပေမယ့် မာနကြောင့် ဘယ်တော့မှလက်လွှတ်မပေးဖို့လည်း အမြဲဆုံးဖြတ်ထားခဲ့တာလေ။

ချစ်တယ် ရှင်းအွန်းဂျောင်...နင့်ကိုယ် နင်ချစ်တာထက် ငါကပိုချစ်တာမို့ မြူတစ်မှုံစာတောင် နင့်ကိုမထိခိုက်စေချင်ပေမယ့် အခုတော့ နင့်ကို နာကျင်အောင် စတင်လုပ်ဆောင်တော့မယ်။

✉️ညနေအားကစားအချိန်မှာ ငါတို့gameဆော့ရအောင် ဆောဒိုအာ✉️

ဟာရင်းဆီက ဝင်လာတဲ့မက်ဆေ့ကိုကြည့်ရင်း ဒိုအာ ခဏမျှတွေကာ စဉ်းစားနေသည်။
အွန်း နောက်ဆုံးအနေနဲ့ ဒီတစ်ခုကိုတော့ ဘဲ့ဟာရင်းအတွက်လုပ်ပေးလိုက်ပါ့မယ်။

စာသင်ချိန်ပြီးလို့ ဆရာအတန်းထဲကထွက်သွားတာနဲ့ ဒိုအာ အတန်းရှေ့က blackboradရှေ့မှာရပ်လိုက်သည်။

"ဒီနေ့ညနေ အားကစားချိန်အတွက် basket ballကွင်းမှာ လူစုမယ်၊အားကစားဝတ်စုံလဲပြီး လာခဲ့ကြ"

တည်ငြိမ်လွန်းသည့် ဆောဒိုအာ စကားသံကြောင့် အတန်းထဲက ကျောင်းသူတွေရဲ့မနောစိတ်မှာ အန္တရာယ်အငွေ့သက်တွေကြိုရနေကြသည်။

"အားကစားအချိန် ဝင်ဆော့လို့အဆင်ပြေမလား အွန်းဂျောင်"

ကျောင်းဆင်းရင် ရေကူးလေ့ကျင့်ရေးရှိနေတဲ့ အွန်းဂျောင် ပင်ပန်းမှာ စိတ်ပူရသေးသည်လေ။

"ကိုယ်ကစားနိုင်ပါတယ် ကိုယ်က အားကစားဆို အရမ်းသဘောကျတာလေ"

ယယ်ရင်း သူမချစ်သူလေးရဲ့ အားကစားအပေါ် ရူးသွပ်မှုကိုတော့ တကယ်လေးစားမိတယ်။

*I love that swimmer*(အဲ့ ရေကူးသမားကိုငါချစ်တယ်)Where stories live. Discover now