♣️အပိုင်း_၇♣️

47 6 4
                                    

"ယယ်ရင်း ငါတို့နဲ့အတူ မုန့်ဆိုင်ကိုလိုက်မလား"

အိပ်ပျော်နေတဲ့ သူမကောင်မလေးကို ငေးကြည့်နေတဲ့ အင်ယယ်ရင်း အနားသွားရပ်ပြီး ဂျယ်ဟျောင်း‌ခေါ်မှ

"ငါနဲ့အွန်းဂျောင်အတွက် ချောကလက်နို့ဗူးနဲ့ ပေါင်မုန့်ဝယ်ခဲ့ပေး ငါမလိုက်တော့ဘူး ဂျယ်ဟျောင်း"

သူမဆီကမ်းပေးလာတဲ့ ပိုက်ဆံကိုယူပြီး ဂျာအွန်းနဲ့ပဲ ဂျယ်ဟျောင်း မုန့်ဆိုင်ကိုထွက်လာခဲ့သည်။
ဆောင်းဆူဂျီ တစ်ယောက်ကတော့ အတန်းဆင်းကတည်းက ဘယ်ကိုရောက်‌နေသည်မသိ။

ဒိုအာ ကျောင်းခေါင်မိုးထပ်မှာ လေညင်းခံနေချိန် သူမဘေးလာရပ်တဲ့သူ‌ကို ကြည့်လိုက်တော့ ဆောင်းဆူဂျီ။

"ဒီရက်ပိုင်း မကြာခဏကျောင်းခေါင်မိုးထပ်ကို လာတယ်နော် စိတ်ညစ်စရာရှိလို့လား ဒိုဒို"

""ဒီအတိုင်း တွေးစရာလေးတွေရှိလို့ပါ ဆူဂျီ"

"အဲ့အတွေးတွေထဲမှာ တို့အကြောင်းပါလားသိချင်မိတယ် ဒိုဒို"

ဆူဂျီရဲ့စကားကြောင့် ဒိုအာပြုံးမိလိုက်သည်။

"ဆေးရုံနဲ့ပတ်သတ်တဲ့ကိစ္စပါ ဆူဂျီ အချစ်ကြောင်းတွေးဖို့ ကိုယ့်မှာ အခွင့်ရေးမရှိဘူး ဒါကြောင့် ကိုယ့်ဆီကအချစ်ကို သိပ်မမျှော်လင့်ထားတာ မင်းအတွက်ကောင်းပါတယ်"

ဆောဒိုအာရဲ့စကားတွေကို ဆူဂျီထူးပြီး ဝမ်းမနည်းပါဘူး။

သူမကို စာသင်ပြနေတဲ့အချိန်တိုင်း ဒိုအာမျက်နှာမှာ အပြုံးဆိုတာ မရှိသလောက်ရှားပြီး အမြဲတည်ငြိမ်နေတတ်တယ်။

လူကြီးတစ်ယောက်လို ရင့်ကျက်တဲ့ ပုံစံတည်ရှိတဲ့ ဆောဒိုအာနဲ့ ပြဿနာတစ်ခုကို သည်းခံလိုက်ဖို့ထက် ချက်ချင်းတုံ့ပြန်တတ်တဲ့ ဆူဂျီဟာ အကျင့်စရိုက်တွေကအစ မတူညီခဲ့သူနှစ်ဦး။

"ဒိုဒိုရဲ့အချစ်ကို သေချာပေါက်ပိုင်ဆိုင်ရမယ်လို့ မျှော်လင့်ချက်ထက် တစ်နေ့ကြရင် ကျွန်မက ဒိုဒိုရဲ့ ကောင်မလေးဖြစ်လာမယ်ဆိုတာတော့ သိထားတယ်"

ဆောင်းဆူဂျီကို ဒိုအာသဘောအကျဆုံးအချက်တစ်ခုက ယုံကြည်ချက်တွေရှိပြီး သတ္တိကောင်းတဲ့ အကျင့်စရိုက်လေးကိုပေါ့။

*I love that swimmer*(အဲ့ ရေကူးသမားကိုငါချစ်တယ်)Where stories live. Discover now