♣️အပိုင်း_၁၂♣️

54 5 9
                                    

ဆောရှင်းဆေးရုံက ဆေးရုံအုပ်ရုံးခန်းထဲမှာ သူမစောင့်နေတာ နာရီဝက်ကြာပြီ။
အဖေခေါ်ထားလို့ လာရတယ်ဆိုပေမယ့် ဒိုအာမှာလည်း အဖေ့ကိုပြောစရာ စကားတွေရှိနေပြန်တယ်။

"VIP ဧည့်သည်ရဲ့ခွဲစိတ်မှုက မမျှော်လင့်ထားတဲ့ပြဿနာကြောင့် ကြာသွားတယ် ဒိုအာ"

ဆရာဝန်ဂျူတီကုတ်ကိုချွတ်ပြီး လက်မှာတင်ရင်း ဝင်လာတဲ့ အဖေ့ကို ဒိုအာပြုံးပြလိုက်ပြီး

"ခွဲစိတ်မှုကအဆင်ပြေပြေပြီးသွားတော့ အဖေ့နဲ့ဆေးရုံဂုဏ်သတင်းအတွက် ကောင်းတဲ့ကိစ္စတွေဖြစ်လာမှာပဲ"

အဖေက ဂျူတီကုတ်ကို ရုံးစားပွဲနောက်မှာ သွားချိတ်ပြီး ဒိုအာရှေ့ကခုံမှာ လာဝင်ထိုင်သည်။

"မနေ့က သူဠေးဘဲ့နဲ့ တွေ့ဖြစ်သေးတယ်၊ရှင်းအွန်းဂျောင် အဲ့ကလေးမ ချစ်သူရှိနေပြီဆို"

ဒိုအာ ဖုန်းကိုဖွင့်ပြီး အဖေ့လက်ထဲထည့်ပေးလိုက်တယ်။

"အင်ယယ်ရင်းတဲ့ သမီးတို့အတန်းထဲက အိုင်ဒေါ ထရိန်နင် ကျောင်းသူတစ်ယောက်ပဲ မကြာခင်ပွဲဦးထွက်ဖျော်ဖြေရတော့မယ့် မိန်းကလေးလေ"

သမီးဖုန်းထဲက ကောင်မလေးပုံကို ‌ကြည့်ပြီး ဆေးရုံအုပ်ဆောတစ်ယောက် မျက်ခုံးတွန်းလိုက်မိသည်။

အခုခေတ်ကလေးတွေရဲ့အကြိုက်က တကယ်မြင့်ကြတာပဲ။

"အဲ့ကလေးမသိလား သူ့ရည်းစားက ဘဲ့ရင်း လုပ်ငန်းစုရဲ့အမွေဆက်ခံသူနဲ့ စေ့စပ်ထားတာကို"

"ယယ်ရင်း အဲ့ကိစ္စကိုသိတယ် အဖေ၊ဒါရိုက်တာ ရှင်းအွန်းဂျောင်ကို ပါးရိုက်တဲ့ကိစ္စလည်း သိတယ်"

အဖေ အဲ့ကိစ္စမသိသေးတဲ့ပုံပါပဲ။
ဒိုအာပြောသင့်တဲ့စကားကိုတော့ ပြောပြရမှာပဲ၊ယယ်ရင်းက သာမန် Idolသင်တန်းသူမှ မဟုတ်တာ။

"N&Y group ကို အဖေ သိတယ်မဟုတ်လား"

"ကိုရီးယားနိုင်ငံရဲ့ အအောင်မြင်ဆုံး Hotel လုပ်ငန်းစုမဟုတ်လား"

"ဟုတ်တယ်အဖေ..ရှင်းအွန်းဂျောင်နဲ့ တွဲနေတဲ့ အင်ယယ်ရင်းက N&Y group  မိသားစုရဲ့ သမီးအငယ်ဆုံးပါ"

*I love that swimmer*(အဲ့ ရေကူးသမားကိုငါချစ်တယ်)Donde viven las historias. Descúbrelo ahora