♣️အပိုင်း_၈♣️

61 7 5
                                    

""နင်ပြောတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဂိမ်းဆိုတာ ဘယ်မှာလဲ ဘဲ့ဟာရင်း"

ဂျာအွန်းကို ကျောင်းဘက်စကတ်စ် ကွင်းထဲခေါ်လာပြီး တစ်ယောက်တည်း ဘက်စကတ်စ်ဘော ကစားနေတဲ့ ဘဲ့ဟာရင်း။

သူမပစ်လိုက်တဲ့ ဘောလုံးက ဘက်စကတ်စ်ကွင်းလေးထဲဝင်ရင် မျက်လုံးတွေကအရောင်တောက်ပသွားပြီး မဝင်ရင် စိတ်တိုင်းမကျစွာ တွ့န်ချိုးသွားတတ်တဲ့ သူ့မျက်ခုံးတွေရဲ့ လှုပ်ရှားမှုအသေးစိတ်ထိ ဂျာအွန်းငေးကြည့်နေမိတယ်။

ဂျာအွန်း အမြင်မှာ ဘဲ့ဟာရင်းက သိပ်လှသလို ချစ်စရာကောင်းသည်။

သူမထက် အရပ်အနည်းငယ်ရှည်ပြီး အသားရည်ကစ ဘဲ့ဟာရင်း အသားရည်က ဂျာအွန်းထက်ပိုဖြူသလိုပဲ။

နေ့လယ်အတန်းချိန်ကိုတက်ဖို့ နင့်မှာအတွေးမရှိရင် ငါ့ကိုသွားခွင့်ပေးပါတော့ ဟာရင်း"

ပရိတ်သတ်ကြည့်စဉ်မှာ ထိုင်နေရာကနေ ဂျာအွန်းထရပ်လိုက်ပြီး သူမရဲ့ ဆွဲလက်စ ခဲခြစ်ထားတဲ့စာရွက်နဲ့ ခဲတံတွေကို ကျောပိုးအိတ်ထဲထည့်တယ်။

ထွက်သွားဖို့ပြင်နေတဲ့ မြောင်ဂျာအွန်းဆီ ဘောလုံးကိုလှမ်းပစ်ရင်း

"နေ့လယ်အတန်းကိုတက်စရာမလိုဘူး ဂျာအွန်း ၊ငါနဲ့ ညနေကျောင်းဆင်းချိန်အထိ ဘက်စကတ်စ်ဘော ပြိုင်ရမယ်"

ဘဲ့ဟာရင်းရဲ့စကားကို ဂျာအွန်းလက်ခံစွာ သူမအနားမှာ ကျနေတဲ့ ဘောလုံးကိုကောက်ယူပြီး ကစားကွင်းထဲဝင်လာခဲ့သည်။

"ငါ့နောက်ကို နောက်ယောင်ခံလိုက်ဖို့ ဆူဂျီက နင့်ကိုပြောထားသလား ဂျာအွန်း"

ဂျာအွန်း ဆီ မှ ဘောလုံးကို ဖြတ်လုပြီး ဟာရင်း မေးလိုက်တော့ သူမအရှေ့မှာ အူကြောင်ကြောင်ပုံစံနဲ့ရပ်နေတဲ့ မြောင်ဂျာအွန်းကိုကျော်ပြီး ဘောလုံးကို ကွင်းဆီလှမ်းပစ်တယ်။

မြောင်ဂျာအွန်းက လှည့်စားရတဲ့ သိပ်ကိုလွယ်လွန်းတဲ့ ကောင်မလေးပဲ။

ကွင်းထဲဝင်သွားတဲ့ ဘောလုံးဆီ ဂျာအွန်းလှမ်းကြည့်ရင်း

"ဆူဂျီက ဘာလို့နင့်ကို နောက်ယောင်ခံလိုက်ခိုင်းရမှာလဲ ဟာရင်းရားး"

ဘောလုံးကိုင်ထားတဲ့ ဟာရင်းလက်ကနေ ဖြတ်လုပြီး ဘေးကိုရှောင်ကာ  ကျွမ်းကျင်စွာကွင်းဆီလှမ်းပစ်လိုက်တော့

*I love that swimmer*(အဲ့ ရေကူးသမားကိုငါချစ်တယ်)जहाँ कहानियाँ रहती हैं। अभी खोजें