နွယ်​(တတိယပိုင်း)(အပိုင်း ၁)

999 99 5
                                    

အခန်းဝက​နေခုတင်​​ပေါ်မှာအိပ်​​ပျော်​​နေတဲ့
Xingကိုစိတ်​ပျက်​စွာရပ်​ကြည့်​​နေရင်း​သူ့အကြည့်​​တွေက အခန်းတစ်​ခန်းလုံးသို့
ရောက်​သွားသည်။အခန်း​ထောင့်​​လေးတစ်​​နေရာမှာ​တော့​ကြွေပန်းအိုးတစ်​လုံးထဲတွင်​နီမြန်းပြီးရွန်းစို​တောက်​ပ​နေ​တဲ့နှင်းဆီပွင့်​​လေးတစ်​ပွင့်​က​တော့အထီးကျန်​ဆန်​​နေ​တဲ့အခန်းထဲမှာသူလည်းအထီးကျန်​​နေပါတယ်​ဆို​တဲ့ပုံရိပ်​ကိုပြ​နေသလို
ကြွေပန်းအိုး​လေးထဲအ​ဖော်​မဲ့စွာရပ်​တည်​လျက်​......
ချစ်​ခြင်း​မေတ္တာ​တွေ လွင့်​ပြယ်​​နေတဲ့ဒီအခန်း
ထဲမှာ ​ တစ်​ပွင့်​တည်း ​သောနှင်းဆီပန်း​လေး ရဲ. ပုံရိပ်​က လိုက်​ဖက်​လွန်းလှတယ်..ပန်း​တောင်​မှအ​ဖော်​မဲ့ရတဲ့ အဖြစ်​ပါလား.....

အခန်းတစ်​ခုလုံးကိုလှည့်​ပတ်​ကြည့်​​နေရာမှ
အခန်း၏နံရံမှာလှပ​သေသပ်​စွာ​​ချိတ်​ဆွဲထား​သောသူတို့နှစ်​​ယောက်၏မင်္ဂလာဓာတ်​ပုံသို့
အ​ရောက်​တွင်​suho၏အကြည့်​များအဆုံးသတ်​သွားသည်​။

ထိုဓာတ်​ပုံ​လေးမြင်​​တော့တံခါး​လေးဖွင့်​ပြီး
အခန်းထဲသို့ဝင်​လာခဲ့တယ်​ အခန်းရဲ့နံရံ​မှာချိတ်​ထားတဲ့မင်္ဂလာ​ဓာတ်​ပုံကိုသူ​မော့ကြည်ရင်း အလှပဆုံးဟန်​​ဆောင်​အပြုံးများဖြင့်​အလှဆုံး​သောမင်္ဂလာ
ဓာတ်​ပုံတစ်​ပုံကိုဖန်​တီးနိုင်​ခဲ့တဲ့​သတို့သားနဲ့သတို့သမီး

"ငါတို့နှစ်​​ယောက်​က...ဟန်​​ဆောင်​မှု
အပြုံးတွေ​အောက်​မှာ နှလုံးသား​တွေကိုစ​တေးပြစ်​ခဲ့ကြတာပဲ...ရင်​ထဲကမပါဘဲနဲ့​လေ"

အခန်းရဲ့အလယ်​​မှာကျောက်​ရုပ်
ပမာမှိုင်​​တွေ​ငေး​မောရင်းရပ်​​နေရာမှခုတင်​​ပေါ်မှာအိပ်​​မောကျ​နေတဲ့
Xing ကိုသူလှမ်းကြည့်​လိုက်​​တော့
နှစ်​ခြိုက်​စွာအိပ်​​ပျော်​​နေတဲ့xingရဲ့မျက်​နာ​လေးဟာက​လေးတစ်​​ယောက်​လိုဖြူစင်​လွန်း​လှတယ်​။ရှင်းသန့်​​ဝင်းပလွန်းတဲ့မျက်​နှာ​လေး​​ပေါ်မှာ​ဆံနွယ်​​တစ်​ချို့က​တော့ ကပိုကယို​နဲ့ဝဲကာကျ​နေတယ်​..

စိတ်​ရဲ့တစ်​စုံတစ်​ရာစေခိုင်းချက်​မပါပဲနဲ့​suhoရဲ့လက်​​တွေက
Xingမျက်​နှာ​ပေါ်ကဆံနွယ်​​လေး​တွေကိုဖယ်​​ပေးဖို့အတွက်​ရုတ်​တရက်​လှမ်းလိုက်​မိတယ်​..ဒါ​ပေမယ့်​ဆံနွယ်​နဲ့သူ့ရဲလက်​ဖျား​​တွေမထိတထိအ​နေအထားအ​ရောက်​မှာ​တော့​ရှေ့ဆက်​မတိုးနိုင်​​အောင်​မိမိစိတ်​ကရပ်​တန့်​ခိုင်း​နေသည့်​အတွက်​သူလှမ်းလိုက်​တဲ့လက်​တစ်​စုံဟာလိုရင်းရှိရာကိုမ​ရောက်​ပဲ​လေထဲမှာတင်​​ပျောက်​ကွယ်​ခဲ့ရတယ်

နွယ်​..sulay FicWhere stories live. Discover now