နွယ်​(တတိယပိုင်း)(၃၁)

715 59 27
                                    

သူကြည့်​မှန်​တစ်​ချပ်​​ရှေ့၌ ရပ်​လိုက်​သည်​။
စိတ်​ကိုအညင်​သာဆုံး၊အ​ပျော့​ပြောင်းဆုံးထား၍
မှန်​ထဲမှသူ၏မျက်​နှာဆီသို့သာအာရုံစုစည်းထား
လိုက်​သည်​။ပြီး​နောက်​...သူပြုံးလိုက်၏။

ဗု​ဒ္ဓေါ...ဒါ...ဒါ ဘယ်​လိုအပြုံးမျိုးပါလိမ့်​။

သူ အလန့်​တကြား မှန်​​ရှေ့က​နေမျက်​နှာကို
လွှဲဖယ်​ပစ်​လိုက်​သည်​။ထိုအပြုံး​ကြောင့်
သူ့ရင်​ထဲမှာ အရာအားလုံးဆုံးရှူံးသွားသည်
ဟုခံစားမိလိုက်​သည်​။
သူ လွယ်​လွယ်​နဲ့စိတ်​ဓာတ်​ကျတက်​တဲ့သူမဟုတ်​။
ဒါ​ပေမယ့်​..ဒါ​ပေမယ့်​လည်း​လေ...။
ဒီအပြုံး​ကြောင့်​ပင်​ သူ့ကမ္ဘာကြီးပြိုကျယိုင်​လဲ
သွားသလိုဖြစ်​သွားရသည်​။

သိသိသာသာကြီး ပိန်​ကျသွားခဲ့​သောသူ့မျက်​နှာ။
မလင်းလက်​ပဲ မှိုင်းပြသွားခဲ့သည့်​သူ့အပြုံး။
မ​တောက်​ပ​တော့ပဲ အ​မှောင်​မှာတည်​​နေသည့်
သူ့မျက်​အိမ်​။သူ့မျက်​နှာမှထိုချို့ယွင်းချက်​​တွေ
ကြောင့်​ သူလိုချင်​တဲ့အပြုံးမျိုးကို တိတိပပ
မရ​တော့​ပေ။

အခု​တော့..
မှန်​ထဲကသူ့ပုံရိပ်​က အပြင်​ကသူ့ကို၊
ပြန်​ ပြုံးပြသည့်​အပြုံးသည်​...
မဲ့ပြုံး၊မချိပြုံး၊သနားပြုံး... များသာ။

နောက်​ထပ်​တစ်​ကြိမ်​ ပြုံးကြည့်​ရန်​ သူမှန်​​ရှေ့၌
ပြန်​ရပ်​လိုက်​သည်​။

"​တီ..တီ..တီ.."

မှန်​​ရှေ့၌ ရပ်​ဟန်​ပြု​တော့မည်​ သူ့​ခြေစုံနှင့်
ခန္ဓာကို​ယ်​သည်​ ရုတ်​တရက်​ထမြည်​လာ​သော
ဖုန်းသံ​ကြောင့်​ ဦးတည်​ရာလွဲကာ ရုတ်​တရက်
ဟန်​ချက်​ပျက်​သွားသည်​။ပြီး​နောက်​ဖုန်းကို
ကောက်​ကိုင်​ရင်း.....

"မင်​ဂျွန်း...​ပြော"

"ငါ..မင်းစီစဉ်​ခိုင်းတဲ့အတိုင်း ဟိုဘက်​​ဆေးရုံကို
လှမ်းချိတ်​ပြီးပြီ။အဆင်​​ပြေတယ်​​..ဆူဟို"

"ဟုတ်​လား..ဒါဆို..​​ငါ..ကျောက်​ကပ်
အစားထိုးဖို့အတွက်​..အဆင်​​ပြေပြီလား
အလှူရှင်​​က..​တွေ့ပြီတဲ့လား..မင်​ဂျွန်း"

နွယ်​..sulay FicWhere stories live. Discover now