နွယ်​(တတိယပိုင်း)(၂၆)

590 57 7
                                    

ဆူဟိုထိုင်​​နေတဲ့ဝှီးချဲလ်​​လေးကိုတွန်းရင်း
နှစ်​​ယောက်​သားအတူတူ​လေညှင်းခံထွက်​လာခဲ့
ကြသည်​။ဆေးရုံဝင်းကြီးကအလွန်​တရာကိုပင်​ကျယ်
ဝန်းလှ​သော​ကြောင့်​xingတို့နှစ်​​ယောက်​ကဲ့သို့ပင်​​လေ
ညှင်းခံထွက်​လာကြ​သောလူနာများကလည်းxing
တို့ရဲ့​ဘေးပတ်​ဝန်းကျင်​၌ဟိုတစ်​စု၊ဒီတစ်​စုနဲ့စုစု
ရုံးရုံးရှိ​နေကြသည်​။

ဆေးရုံဝင်းကြီးထဲမှာရှိ​နေတဲ့လမ်းသွယ်​​လေးများ
ကလည်းအလွန်​ပင်​လှပသည်​။လမ်း​လေး​တွေက
ဖြောင့်​ဖြူးသာယာလှသလိုတစ်​ချို့လမ်းသွယ်​​လေး
များသည်​ကျဉ်း​မြောင်းသွားသည်​။တစ်​ချို့လမ်းသွယ်
လေး​တွေကျပြန်​​တော့ကျယ်​ပြန့်​​သွားကြပြန်​သည်။
အချို့​နေရာများတွင်​ဝက်​အူရစ်​ကဲ့သို့​ခွေ​ခေါက်​ကျ
နေကြ​သောနွယ်​ပင်​များနှင့်​သစ်​ကိုင်းများကလည်း
အရိပ်​​ရကသစ်​ပင်​ကြီး​တွေကြားထဲမှသိသာစွာထိုး
ထွက်​​နေကြသည်​။

တစ်​​နေရာအ​ရောက်​မှာတော့ xingတွန်းလာခဲ့တဲ့
ဝှီးချဲလ်​​လေးကရုတ်​တရက်​ရပ်​တန့်​သွားသည်​။
ကျွန်​​တော်​xingကို​မော့ကြည့်​လိုက်​​တော့သူမက
ကျွန်​​တော့်​ငုံ့မိုးကြည့်​၍လတ်​လတ်​ဆက်​ဆက်​အပြုံး
တစ်​ခုကို​ပေးသွားသည်​။

”ဆူဟို xingတို့ဒီမှာခဏနားရ​အောင်​​နော်
ဒီ​နေရာကလူလည်းနည်းနည်းရှင်း​တော့ရှင်​လည်း
အနားယူရတာစိတ်​သက်​​သောင့်​သက်​သာဖြစ်​တာ
ပေါ့...လာ...xingကိုတွဲ...ဟိုးကကန်​​ဘောင်​​လေး
ပေါ်သွားထိုင်​ကြမယ်​​နော်​”

ပြောဆို​နေရင်းxingရဲ့လက်​​တွေကကျွန်​​တော့်​ခါး
နားဆီ​ရောက်​လာကာညင်​သာလွန်း​သောထိ​တွေ့
မှု​တွေနဲ့ဝှီးချဲလ်​​ပေါ်မှာထိုင်​​နေတဲ့ကျွန်​​တော့်​ကို
ထူမ​ပေးရှာသည်​။ထို့​နောက်​တွင်​သူမကကျွန်​​တော့်
လက်​ကိုတွဲ၍ကန်​​ဘောင်​​လေးရှိရာသို့​ဖြေးညင်းစွာ
ခေါ်​ဆောင်​သွား​ခဲ့သည်​။

အမှန်​​ပြောရလျှင်​..ကျွန်​​တော်​အလုပ်​လုပ်​​နေတဲ့ဒီ
ဆေးရုံကြီးထဲမှာအခု​ရောက်​​ရှိနေ​တဲ့ဒီ​နေရာ​လေးကို
ကျွန်​​တော်​အရမ်းနှစ်​သက်​တယ်​။အရင်​ကဆိုရင်​ဒီ
နေရာ​လေးကို ကျွန်​​တော့်​စိတ်​ကူးထဲမှာ မ​ရေတွက်
နိုင်​​အောင်​ပင်​xingနဲ့အတူတူခဏခဏလာဖူးတယ်​။
ခု​တော့စိတ်​ကူးက​နေတကယ့်​လက်​​တွေ့ဖြစ်​လာ​နေ
လို့ကိုယ့်​ကိုကိုယ်​အိမ်​မက်​များ​တောင်​မက်​​နေတယ်
လို့ထင်​မိတယ်​။

နွယ်​..sulay FicWhere stories live. Discover now