နွယ်​(တတိယပိုင်း)(၂၃)

581 68 12
                                    

ဆေးရုံအတွင်း ဆူဟိုရှိရာအခန်းငယ်​ဆီသို့ ဒ​ရော​သော
ပါး​ပြေးလာခဲ့ရာမှ ​နောက်​ဆုံး​တော့ သူရှိ​နေတဲ့အခန်းငယ်
လေးရဲ့​ရှေ့မှာxing ​ခြေလှမ်းများဟာအဆုံးသတ်​သွား
ခဲ့​လေတယ်​။

ခုချိန်​မှာ xing ရဲ့အသိဉာဏ်​တစ်​ခုလုံးကိုဖိစီးနှိပ်​စက်
နေတာ ​ကြောက်​ရွံ့ခြင်း​ပါပဲ။

သူနဲ့ထာဝရ​ဝေးကွာသွားရမှာကို​ကြောက်​သည်​။
သူထာဝရထားသွားခဲ့မှာကို​ကြောက်​သည်​။

ဒေါက်​တာဂင်​ရဲ့​ပြောစကား​တွေကိုကြားကြားခြင်းကိုယ့်
နားကိုမယုံနိုင်​​လောက်​​အောင်​ပင်​နားကြားလွဲတာဖြစ်​ပါ
စေလို့....​ဆေးရုံလာရာလမ်းတ​လျှောက်​မှာအကြိမ်​ကြိမ်
ဆု​တောင်းလာခဲ့​ပေမယ့်​...လက်​​တွေ့မှာxingမယုံကြည်
လို့မရ​တော့​ပေ။

ခုတင်​​ပေါ်မှာငြိမ်​သက်​စွာအိပ်​စက်​​နေသည့်​သူ....

စက်​ကရိယာတစ်​ချို့ရဲ့အကူအညီကိုယူပြီးသူ့အသက်​ကို
ရသ​လောက်​လေးဆွဲဆန့်​ထားကြတယ်​။နှာ​ခေါင်းတဝှိုက်
နားမှာတပ်​ထားတဲ့​အောက်​ဆီဂျင်​mark​လေးက သူ
အသက်​ရူရာမှာအဆင်​​ပြေ​စေဖို့တဆင့်​ခံ​ထောက်​ပံ့​ပေး
ထားရပြန်​တယ်​။လက်​ဖျံထဲသို့သွယ်​တန်းထားတဲ့​ဆေး
ပိုက်​ထဲမှ​ဆေးရည်​ကြည်​​လေး​တွေက​တော့ သူ့အ​ကြော
ထဲသို့တစ်​စက်​ချင်းစိမ့်​ဝင်​​ဖောက်​ထွင်းကာအဆက်
မပြတ်​​စီးဝင်​​နေကြတယ်​။

ခုတင်​​ဘေးနားမှာလည်းသူတစ်​ခုခုဖြစ်​လာခဲ့ရင်​အသက်​ကိုအလျင်​အမြန်​ကယ်​တင်​နိုင်​မဲ့..အသက်​ကယ်
စက်​ပစ္စည်းကိရိယာတစ်​ချို့....

ဆူဟိုက...ဒီ​လောက်​အထိ...​နေမ​ကောင်းဖြစ်​​နေတာ
လား...

သူ့အ​ခြေ​နေကဒီ​လောက်​ထိစိုးရိမ်​​စရာ​တွေဖြစ်​​နေပြီ
လား...

ပျော့​ခွေယိုင်​နဲ့​လာတဲ့​xingခြေလှမ်း​တွေကစည်းချက်​မကျ​တော့ပဲတုံ့ဆိုင်း တုံ့ဆိုင်းဖြစ်​ကာသူ့ရှိရာခုတင်​ဆီသို့တစ်​​လှမ်းချင်း​လှမ်းကာလျောက်​လာမိတယ်​။

နွယ်​..sulay FicWhere stories live. Discover now