နွယ်​(တတိယပိုင်း)(၁၅)

814 82 9
                                    

ရက်​စက်​တက်​တဲ့​နေရာမှာ အရှင်​သခင်​မရယ်​လို့
ငါ့နှလုံးသားက​နေ မင်းကို သရဖူ​ဆောင်း​ပေးလိုက်
ပါပြီ
.
.
.
ငါဟာ လည်းလူသားတစ်​​ယောက်​​ပေမို့..မင်းကနာ
ကျင်​စရာ​တွေရက်​ရက်​​ရော​ရော​ပေးလာတဲ့အခါ

ငါ့မှာလည်းရင်​နာစရာ​တွေက ပိုပိုသာသာ ဖြစ်​ခဲ့တာ
ပေါ့

ငါငိုချင်​တယ်​  ဒါ​ပေမယ့်
မင်းကို​တော့ကြိုးစားပြီးပြုံးပြမယ်​...

ငါနာကျင်​​နေတယ်​ ဒါ​ပေမယ့်
ကြိုးစားပြီး ဖုံးဖိထားမယ်​...

ခု​တော့အရာအားလုံးက
မင်းစိတ်​ကြိုက်​ဖြစ်​မှာမို့
အမုန်းဘုရင်​မရဲ့
ကွေးညွတ်​ညွတ်​အပြုံးထက်​မှာ
ငါ့နှလုံးသားကိုလိုသလိုသာပြုပါ..
လဲကျလည်းပြန်​ထ​ပေးမှာမို့...
ငါ့နှလုံးသားကိုစိတ်​ကြိုက်​ကစားစမ်း
အမျက်​အမုန်း​တွေသင်​ပုန်း​ကြေမယ်​ဆို..
မင်းလက်​ထဲမှာ​ပျော်​​ပျော်​ကြီးစ​တေးလို့​ပေးတယ်​..
အမုန်းဘုရင်​မရယ်​...
ပြုံး​တော်​မူ...

_________________________

လောကကြီးက..​နေ​ပျော်​စရာဆိုတဲ့ စကား​လေးတစ်
ခွန်းရဲ့ကြားထဲမှာ..ကျွန်​​တော့်​ဘဝ​လေးက တဖြည်း
ဖြည်းနဲ့ ​ဘောင်​ကျဉ်းလာခဲ့တယ်​...

ကိစ္စတိုင်းအရာတိုင်းက ကျွန်​​တော့်​အတွက်​အရမ်း
ကိုခက်​ခဲ​နေတဲ့အရာ​တွေချည်းပဲ​လေ...

အလွယ်​ ရယ်​ အခက်​ ရယ်​...ဒီလိုနိယာမတရား​တွေ​နဲ့ရော​ထွေး​နေတဲ့​လောကကြီးက...ကျွန်​​တော်ဘဝ
ထဲကိုခက်​ခဲမှု​တွေကြီးပဲ..ရက်​​ရက်​ရော​ရောသွန်​ချ​နေတာက​တော့​လောကကြီးကသိပ်​​တော့သဘာဝ​မကျလှ...

"အဟတ်​"

ကျွန်​​တော့်​ပါးစပ်​က​နေပြီး ခပ်​မဲ့မဲ့အပြုံး​ကိုညည်း​ထုတ်​လိုက်​ရင်း...

စိတ်​ထဲက​နေမျက်​နှာလိုက်​တဲ့​လောကကြီးကိုထပ်​ခါထပ်​ခါအပြစ်​တင်​​နေမိတယ်​..

Xing နဲ့ကျွန်​​တော်​​​ပြန်​​တော့ဆုံ​တွေ့ပါရဲ့သူ့ဘက်​က​ သံ​ယောဇဉ်​လက်​ကျန်​​တွေကို..ဥပက္ခာပြုထားလို့
ရှေ့ဆက်​တိုးမရ...

နွယ်​..sulay FicWhere stories live. Discover now