နွယ်​(တတိယပိုင်း)(၁၄)

948 75 11
                                    

နှုတ်​ဖျားက​နေ အသံလို့မဆိုသာ​လောက်​​အောင်​ပင်
တိုးညင်းလွန်းလှတဲ့ ညည်းသဲ့သဲ့အသံ​လေးက လူ
နာခုတင်​၏​ဘေးတွင်​ ​မှိန်း​နေ​သော မင်​ဂျွန်း ရဲ့နား
ထဲသို့ သိသာစွာတိုးဝင်​လာခဲ့သည်​...

"ဆူဟို....မင်းသတိရလာပြီလား"

တိုးဖွညင်​သာလွန်းလှတဲ့အသံက မျက်​လုံး​တွေကို
ဖွင့်​မရခင်​မှာပဲ အကြားအာရုံထဲကိုစီးဆင်းလာခဲ့​တယ်​...ဒါ..ကျွန်​​တော့်​သူငယ်​ချင်း မင်​ဂျွန်း ရဲ့အ
သံ​..

"ဆူဟို...မင်းမျက်​လုံးဖွင့်​ကြည့်​ပါအုံး..ဘယ်​လို​နေ​သေးလည်း..."

သူငယ်​ချင်းအတွက်​စိုးရိမ်​လွန်​​နေပြီး ပျက်​ယွင်းယွင်း
ဖြစ်​​နေမဲ့မင်​ဂျွန်း ရဲ့မျက်​နှာ​လေးကိုဖွင့်​လို့မရ​သေးတဲ့​မျက်​ဝန်း​တွေကြားထဲက​နေ​ပြေးမြင်​​မိတယ်

ဖွင့်​ဖို့ခက်​ခဲတာမှန်​​ပေမယ့်​ အားယူပြီးကျွန်​​တော်​ဖွင့်​ရ
မယ်​ သက်​သာပါတယ်​ဆိုတဲ့မျက်​ဝန်းရိပ်​​တွေကို
မင်​ဂျွန်း ကိုမြင်​​အောင်​ပြချင်​တယ်​ ဒါမှသူလည်းစိတ်​သက်​သာရာ ရမယ်​​လေ...

"မင်​ဂျွန်း .."

စကား​လေးနှစ်​လုံးက.. သူ့နုတ်​ဖျားက​နေ အ
ပြင်​ကိုခုန်​​ပေါက်​ထွက်​ဖို့ အ​ရေး..ဒီလိုအချိန်​မှာ
ပြောမပြနိုင်​​လောက်​​အောင်​ ခက်​ခဲ​နေတယ်​..

"ဘယ်​လိုဖြစ်​တာလည်း ဆူဟိုရာ...ငါ စိတ်​ပူလိုက်
တာ.."

မင်​ဂျွန်းရဲ့စကား​တွေကိုနားထဲမှာသာကြား​နေရ​ပေမဲ့
ကျွန်​​တော့်​​ အသိတရားနဲ့ဦး​နှောက်​က​တော့ထုံထိုင်း
ထိုင်းကြီးဖြစ်​​နေ​သေးတယ်​..မကြည်​လင်​​သေးတဲ့
ခေါင်းကခုထက်​ထိမူးရိပ်​မူးရိပ်​ကမ​ပြေနိုင်​​သေး​ပေ
ဒါ​ပေမယ့်​လည်း..မူးမလဲခင်​ကအ​နေအထားထက်
တော့စာရင်​ကျွန်​​တော်​ခံနိုင်​​လောက်​တဲ့အ​နေအထား
မို့ လှဲအိပ်​​နေတဲ့ခုတင်​ထက်​မှထရန်​ အားယူလိုက်
သည်​...

"ထမလို့လား...လှဲ​နေပါအုံး ဆူဟိုရ"

"ဟင့်​အင်..လှဲမ​နေချင်​​တော့ဘူး..
မင်​ဂျွန်း...ငါ့ကိုထူ​ပေးပါ.."

နွယ်​..sulay FicWhere stories live. Discover now