နွယ်​(တတိယပိုင်း)(၄)

784 101 2
                                    

နေမ​ကောင်းလို့နားခဲ့တဲ့သုံးရက်​တာအ​ကြွေး​တွေကို အလုပ်​စစဆင်းချင်း​နေ့မှာပင်​ လုပ်​​နေရတာမို့ အလုပ်​နဲ့လက်​နဲ့ပြတ်​တယ်​လို့ကိုမရှိ

ရောက်​​ရောက်​ချင်းပဲ လူနာ​တွေကို​ပြေးကြည့်​ရ အစည်း​ဝေးရှိတယ်​ဆိုလို့အစည်း​ဝေးတွက်​ပြင်​ဆင်​ရ ပြင်​ဆင်​​နေတုန်းအ​ရေး
ပေါ်လူနာ​တွေ​ရောက်​လာလို့အသက်​မှီ​အောင်​​ပြေးကယ်​ရ နဲ့ ဒီကြားထဲဘာမဟုတ်​တဲ့ အ​သေးအမွှား အလုပ်​ကိစ္စ​တွေက ဟိုက
ဝင်​လာလို့​ပြေးရလိုက်​ဒီကဝင်​လာလို့​ပြေးရ
လိုက်​ အဲဒီဘာရီရ ကိစ္စ​တွေ​ကြောင့်​ပိုပင်​ပန်း
တယ်

နေ့တစ်​​နေ့ရဲ့ အချိန်​တဝက်​​လောက်​ကို
အလုပ်​​တွေနဲ့အတူဖြတ်​သန်းပြီးခဲ့ပြီမို့
ခု​တော့ခနနား ထမင်းစားရမှာ​ပေါ့

လက်​ကနာရီကိုကြည့်​လိုက်​​တော့
တစ်​နာရီ​ကျော်​​နေပြီ​လေ အဲ့​တော့ထမင်းစား​ဆောင်​ကိုလှမ်းရ​တော့မှာ​ပေါ့

ထမင်းစားဖို့အတွက်​ ပုံစံခွက်​ ပန်းကန်​ကို
ကိုင်​ပြီး ​နောက်​နားကလွတ်​​နေတဲ့စားပွဲဆီသို့
သွားလိုက်​​တယ်​..ဗိုက်​က​တော့အ​တော်​​လေးဆာ​နေပြီ..​နေမ​ကောင်းတုန်းက​ထမင်းနဲ့သုံးရက်​​လောက်​ သံ​ယောဇဉ်​ဖြတ်​ခဲ့ရတယ်​မလား
ဒီ​နေ့​တော့..ကိုယ်​စားချင်​တဲ့ထမင်းကိုအပီဆွဲမယ်​​လေ..ကံ​ကောင်းချင်​​တော့
ဒီ​နေ့ဟင်းက ကျွန်​​တော်​အကြိုက်​ဆုံး
ပဲငါးပိချဉ်​စပ်​ဟင်းရည်​နဲ့..ပြည်​ကြီးငါးဟင်း
မို့..ဗိုက်​ထဲက​နေပိုပြီးဆာလာသလိုပဲ

"In coming message"

ဖုန်း​လေးတုန်​ခါမှုနဲ့အတူ..စာတစ်​​စောင်​ဝင်​လာ​ကြောင်း အချက်​​ပေးသံ​လေးထွက်​လာတယ်
ပါးစပ်​ထဲသို့​ရောက်​ခါနီးထမင်းလုပ်​ကိုဆွဲ
တန့်​​လိုက်​သလိုပါပဲ...suho ရဲ့အာရုံ​တွေ
ကဖုန်းဆီရောက်​သွားတာ​ကြောင့်​..ပါးစပ်​ထဲ​ရောက်​ခါနီးဇွန်းကိုပန်းကန်​ထဲသို့ပြန်​ချပြီး
ဝင်​လာတဲ့ message ကိုယူကြည့်​လိုက်​တယ်

"ထမင်းစားပြီးပြီလား"

Messageကိုဖတ်​ပြီးသည့်​​နောက်​မှာ​တော့ ​ဖုန်းကိုလက်​ထဲက​နေ ပစ်​ချပြီး ထမင်းစား
ပွဲတွင်​ ငူငူကြီးထိုင်​​နေမိတယ်​..ခု​တော့
ဖုန်းထဲထိ​အောင်​ message ပို့​နေပြီပဲ..
အသက်​ကိုအားနဲ့ရူလိုက်​ပြီး...ပြန်​ထုတ်​လိုက်​တဲ့ ​လေ​ထဲမှာ​တော့သက်​ပြင်းချသံများ
ပါ​ရော​နှောပါသွား​သည်​ ထမင်းစားချိန်​ထိ​တော့သူမအ​ကြောင်းကို အချိန်​ကုန်​ခံပြီး
မ​တွေးချင်​ စဉ်းစားတာ​တွေကို ခနရပ်​ပြီးထမင်းဆက်​စားမယ်​လို့ဇွန်း​ကိုင်​လိုက်​ချိန်​မှာ​တော့......

နွယ်​..sulay FicWhere stories live. Discover now