တစ်ဖက်ကမ်းမှာ
ဆည်းဆာမပြိုခင်
ရစ်ဖွဲ့တည်ခဲ့တဲ့
သံယောဇဉ်တွေက
ရင်ရှိုက်သံနဲ့အတူ
အနက်ရှိုင်းဆုံးရင်ထဲ
သန္ဓေတည်ခဲ့တယ်
သူ...သူ...
ကျွန်တော်သိပ်ချစ်ရတဲ့...သူ။.................။...................။
ဆူဟိုကိုဆေးရုံထဲကသူနေတဲ့အခန်းလေးထဲသို့
ပြန်လိုက်ပို့ရင်း၊ခုတင်ထက်၌ပြန်ပြီးခဏလှဲခိုင်း
ကာအနားယူစေလိုက်တယ်။
ဆရာဝန်တွေကတော့ သိပ်ပြီးလှုပ်လှုပ်ရှားရှားမ
လုပ်ခိုင်းပါနဲ့လို့ xing ကိုမှာသွားတယ်။
ဟုတ်ပါတယ်လေဒီနေ့မနက်မှာXing နဲ့အတူတူ
လမ်းလျှောက်ထွက်လိုက်တာ သူတော်တော်လေး
ပင်ပန်းသွားရှာတယ်။နဂိုကတည်းကမှသွေးရောင်မရှိပဲဖြူဖျော့နေတဲ့
ဆူဟိုရဲ့မျက်နှာလေးက ပိုပြီးဖွေးဆွတ်ဆွတ်ပုံ
စံပေါက်သွားတယ်။ပြီးတော့သူနည်းနည်းလည်း
မောနေသေးတယ်။"Xing သွားတော့မယ်နော် ဆူဟို"
ဆူဟိုကိုစိတ်မချ၍မှာစရာရှိတာများကိုပါးစပ်က
မှာရင်းအိတ်လေးကိုကောက်လွယ်ကာxing ပြော
လိုက်သည်။"ခဏလေးနေပါအုံး xing ရယ်၊ဒီမှာ ကိုးနာရီ
တောင်မခွဲသေးဘူး""မဟုတ်ဘူးလေဆူဟိုရယ်၊၊ခုနေပြန်မှအိမ်
ရောက်တဲ့အခါအတော်ပဲဖြစ်မှာ၊အိမ်ရောက်ရင်
Xingကဆူဟို့အတွက်နေ့လည်စာလေးတစ်ခုခု
ပြင်ဆင်၊ပြီးတော့လိုအပ်တဲ့အဝတ်အသုံးအဆောင်
လေးတွေဆူဟို့အတွက်ထည့်ရအုံးမှာ၊ပြီးတော့
လည်းရေချိုးရအုံးမယ်လေ၊ဒါကြောင့်ခုနေသွားမှ
အတော်ဖြစ်မှာ၊စောစောသွားမှဒီကိုနေ့လည်စာ
စားချိန်အမှီxingပြန်လာနိုင်မှာပေါ့၊xing နောက်
ကျနေရင်ဆူဟိုဗိုက်ဆာနေမှာပေါ့"ဆူဟိုကတစ်ချက် တွေဝေစဉ်းစားဟန်ဖြင့်xingကို
ခေါင်းပြန်ညိမ့်ပြသည်။"အင်း..အာ့ဆိုလည်းပြီးရော ၊ မြန်မြန်သွားပြီး
မြန်မြန်ပြန်လာနော်၊ ကိုက စောင့်နေမှာ"
YOU ARE READING
နွယ်..sulay Fic
RandomSulay fic... နှင်းဆီနီလေး တစ်ပွင့်ကိုကိုင် သူ ကျွန်တော့်ရှေ့ လာရပ်တယ် မျက်ဝန်းမှာတွဲ၊ပုလဲတွေက ဖြေလျော့ကာ ရွဲနေတဲ့ မျက်ရည်အိမ် ပြတင်းကနေ တစ်ပေါက်ချင်းစီ သူ စကျဲတယ် ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့ သူ့လက်ထဲက ခပ်မြော့မြော့ နှင်...