နွယ်​(တတိယပိုင်း)(၂၅)

495 67 5
                                    

ထိုဆိတ်​ငြိမ်​မှုသည်​ ဘယ်​​လောက်​ကြာ​အောင်​သွား
နေမိသည်​မသိ။သူ့နားထဲတွင်​မကြားဖူး​သောအသံ
တစ်​မျိုးကိုကြားလိုက်​ရသည်​။ထိုအသံသည်​သူမ၏
ရှိုက်​သံပင်​ဖြစ်​၏။

တစ်​ချက်​တစ်​ချက်​မှကြားရသည့်​သူမ၏ရှိုက်​သံများသည်​ကျွန်​​တော့၏နားထဲတွင်​အကြိမ်​ကြိမ်​ပဲ့
တင်​ထပ်​သွားရ​သည်​။

သူမရဲ့ရှိုက်​သံ​တွေကကျွန်​​တော့်​ကိုပို၍ယူကျုံးမရ
ဖြစ်​​စေရတယ်​​လေ။

”ငါ..မင်းကိုစွန့်​ပစ်​ခဲ့တဲ့​ကောင်​ပါ။
မင်းဘက်​က​နေစပြီးလက်​ကမ်း​ပေးခဲ့ရင်​​တောင်
ငါ့ဘက်​က​နေရဲရဲဝံ့ဝံ့မတွဲနိုင်​တဲ့အ​နေအထားဖြစ်
နေပြီ၊အမှန်​ဆိုမင်းငါ့နားက​နေရုန်းထွက်​သွားရ
တော့မှာ...ငါ့လိုလူကိုဘာ​တွေများတွယ်​တာစရာ
တွေရှိ​နေလို့ငါ့အနားက​နေထွက်​မသွားနိုင်​ဖြစ်​​နေ
ရတာလည်းXingရယ်​”

”​နေသားတကျဖြစ်​​နေလို့​လေ...ရုန်းထွက်​​လေနစ်​ဝင်​​လေနဲ့နွံအိုင်​နဲ့တူတဲ့ရှင့်​ဘတ်​ကxingအတွက်​​နေ
သား​တကျဖြစ်​​နေလို့​ပေါ့...”

ကျွန်​တော်​တို့နှစ်​​ယောက်​ကြားမှာရှိတဲ့မတူညီတဲ့
အစွန်းအစနှစ်​ဖက်​ကို​တွေ​ဝေခြင်းမရှိပဲ​ပြောချလိုက်
တဲ့xingရဲ့စကားတစ်​ခွန်းကကြိုးညှိ​ပေးလိုက်​သ
လိုဖြစ်​သွား​စေခဲ့တယ်​။

”xing​လေ..ရှင့်​ကို​ယောင်​လို့​တောင်​မမုန်းခဲ့ပါဘူး၊
ရှင်​​ကနာကျင်​မှု​တွေ​ပေးခဲ့ရင်​​တောင်​ကျွန်​မကအဲ့ဒီနာ
ကျင်​မှုထဲက​နေကြည်​နူးမှုကိုလိုက်​ရှာတက်​တဲ့သူပါ
ရှင့်​ကိုမမုန်းရက်​လို့၊ကြေကွဲစရာ​တွေ​ပေးရင်​​တောင်
အဲ့ဒီ​ကြေကွဲမှု​တွေထဲကကျွန်​မကအလွမ်းကိုဖန်​တီး​ယူတဲ့သူပါ။ရှင်​နဲ့ပတ်​သတ်​သမျှနာကျင်​မှုရယ်​လို့
ကျွန်​မဘယ်​​တော့မှမ​တွေး​ခဲ့ဖူးဘူး။အဲ့ဒါ​ကြောင့်​ နေသားတ​ကျဖြစ်​​နေတဲ့ရှင့်​ရဲ့နွံအိုင်​​လေးထဲမှာ​xingကိုနေခွင့်​​ပေးပါ​နော်​”

Xingကကျွန်​​တော့်​မျက်​လုံးများကိုတည့်​မတ်​စွာစူး
စိုက်​ကြည့်​​နေရင်း​ပြော​နေသည်​။xingရဲ့မျက်​လုံးများ
တွင်​သူ့အ​ပြောကိုနာခံ​စေလို​သောအရိပ်​အ​ယောင်​များကိုမြင်​​တွေ့လိုက်​ရသည်​။ ဟင့်​အင်း..အဲဒီမျက်
လုံး​တွေနဲ့ ​ကျေးဇူးပြုပြီးမကြည့်​ပါနဲ့xing။အဲ့ဒီမျက်
လုံး​တွေနဲ့ ရင်​ဆိုင်​ရပြီဆိုရင်​ငါ့ရဲ့တွန်းလှန်​နိုင်​တဲ့ခွန်
အားမှန်​သမျှအရည်​​ပျော်​​ပျောက်​ဆုံးသွားတက်​လွန်း
လို့..ငါ့ကိုအဲ့မျက်​လုံး​တွေနဲ့မကြည့်​ပါနဲ့။

နွယ်​..sulay FicWhere stories live. Discover now