နွယ်​(တတိယပိုင်း)(၁၆)

774 72 9
                                    

နွယ်​(အပိုင်း)(၁၆)

ချစ်​ခြင်းဆိုတဲ့​ရေကြည်​​လေးထဲမှာ လူသား နှစ်​​ယောက်​ရဲ့နှလုံးအိမ်​ကို မွမ်းမံစိုက်​ပျိုး​တော့​စိမ်းလွှလွှ ရွက်​ကြောစိမ်း​တွေဟာ တဖျတ်​ဖျတ်​နဲ့စိမ့်​ဖြာထွက်
ပြီး အနားသတ်​မှာချစ်​ခြင်း​တွေက တွဲ​လောင်းခိုလို့​ပေါ့

အချစ်​​တွေလတ်​ဆက်​​နေတယ်​...
အပြုံး​တွေလတ်​ဆက်​​နေတယ်​...
မျက်​ဝန်း​တွေလတ်​ဆက်​​နေတယ်​...

အချစ်​​ကြောင့်​...အရာအားလုံးလတ်​ဆက်​​နေသလို

ကျွန်​​တော်​တို့နှစ်​​ယောက်​ရဲ့နှလုံးသား​တွေဟာလည်း​ပျိုမျှစ်​နုနယ်​လွန်း​နေတယ်​....

ပင်​လယ်​ကြီးရဲ့ရင်​ခွင်​ထဲမှာ...
ဆွေး​ဆွေးနီ ​နေလုံးကြီးက...
မေးတင်ပြီးကြည့်​​နေချိန်​...
ငေးရီလှိုက်​​မောခြင်းများနဲ့..
သက်​ပြင်းရှိုက်​ခဲ့​သောသူနှစ်​​ယောက်​..
ရှည်​​မျော​မျောအရိပ်​​တွေ..
ပင်​လယ်​ကြီးရဲ့မျက်​နှာပြင်​မှာ..
ယောင်​ပြန်​ဟပ်​ချိန်​မှာ​တော့..
သူ​ရော...ကျွန်​​တော်​​ရော..
တစ်​​ယောက်​အနမ်းကိုတစ်​​ယောက်​..
သောက်​သုံးလို့ဝခဲ့ပြီ...

Xing နဲ့ ကျွန်​​တော်​...တစ်​​ယောက်​နှလုံးသားကို
တစ်​​ယောက်​ ရင်​ဘတ်​ထဲထည့်​ကာ..ဖျတ်​မရတဲ့
အချစ်​​ကျောက်​စာကဗ္ဗည်းကိုထိုးခဲ့ကြပြီ​လေ..

________________________

ဆေးရုံကို​ရောက်​​နေ​ပေမယ့်​ ဆူဟိုရဲ့စိတ်​​တွေက
သိပ်ပြီး​​တော့ဂဏှာမငြိမ်​လှ....

မ​နေ့က...xing နဲ့သူနဲ့ ကမ်း​ခြေမှာ အနမ်းချို​တွေ
သောက်​သုံးရင်း စကားချို​တွေနဲ့ နာ​နေတဲ့နှလုံးသား
လေးကို တစ်​​ယောက်​တစ်​ပြန်​ကုသ​ပေးခဲ့ကြတယ်
မဟုတ်​လား...

Xingရဲ့ပန်းတစ်​ပွင့်​ဆန်​တဲ့ အပြုံး​လေး​တွေကို
မျက်​လုံးထဲမှာ မြင်​​ယောင်​ရင်း..အရင်​​နေ့​တွေကထက်​ ပိုပြီးစိတ်​ရှိလက်​ရှိအားရပါးရကြီးကို
ကျွန်​​တော်​ပြုံးလိုက်​မိတယ်

"အဟား....အပြုံး​တွေက တယ်​ပဲလတ်​ဆတ်​​နေသကိုး...​မောင်​ဆူဟိုရ..."

နွယ်​..sulay FicDove le storie prendono vita. Scoprilo ora