နွယ်​ (တတိယပိုင်း)(၈)

789 99 7
                                    

ကျွန်တော့်ရင်ခွင်ထဲမှာ သိပ်ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက် ကျွန်တော့်ရင်ငွေ့ကအနွေးဓာတ်တွေကိုခိုလှုံရင်းအိပ်စက်နေတယ်...

အိပ်နေတဲ့မိန်းခလေးတစ်ယောက်အပေါ် ကျွန်တော်အသားယူတာမဟုတ်ပါဘူးဗျာ...
စိတ်ရောကိုယ်ရောပင်ပန်းလွန်းပြီးအိပ်ပျော်သွားခဲ့တဲ့သူ့မရဲ့ပုံစံလေးဟာ ပုံစံတစ်မျိုးနဲ့ဆွဲဆောင်မှုရှိနေပြန်တယ်လေ...ကြွေနွမ်းတော့မယ်ပန်းတစ်ပွင့်ဟာနောက်
ဆုံးချိန်မှာတော့အလှပဆုံးဖူးပွင့်ပေးခဲ့သလိုပေါ့နောက်
ဆုံးနွမ်းနေသည့်တိုင်အောင်ပန်းရဲ့တောက်ပမှုအလှဟာ
ပျောက်ကွယ်မသွားခဲ့ဘူးလေ...

xing ဆိုတဲ့ကောင်မလေးလည်းဒီလိုပဲပေါ့ ပင်ပန်းမှုတွေမျက်နှာမှာ အထင်းသားမြင်ရပေမယ့် ပင်ပန်းလွန်း
လို့နွမ်းနေတဲ့သူ့မျက်နှာလေးက လူကိုရင်ခုန်အောင်လုပ်
တာကိုးဗျ....အဟတ်.....မနေနိုင်တဲ့အဆုံး သူ့နုတ်
ခမ်းလေးနဲ့ ပါးလေးကို နမ်းလိုက်မိတာပါ...ဒါမယ့် ကျွန်တော်သစ္စာရှိပါတယ်နော်.....နုတ်ခမ်းလေးရော
ပါးလေးရော...တစ်ကြိမ်စီပဲနမ်းတာပါ...

ချစ်ရတဲ့သူကိုရင်ခွင်ထဲမှာဖက်ထားရင်း suho ပါအိပ်
ပျော်သွားခဲ့တယ်...ဘယ်လောက်ကြာကြာအိပ်ပျော်မိ
သွားတယ်မသိ...ကျွန်တော့ရင်ခွင်ထဲက xing လွန့်လူး
လာတော့မှ ကျွန်တော်လည်း လန့်နိုးလာတယ်..xing
ကိုငုံ့ကြည့်လိုက်တော့ သူလည်းနိုးနေပြီ..

xing ခုမှလူနဲ့သတိနဲ့ကပ်မိတယ် တကယ်ပါ..xingသူ့ရင်ခွင်ထဲမှာအိပ်ပျော်သွားတယ်ဆိုတာ
နိုးလာမှသိရတယ်...နိုးလာလာချင်း မျက်လုံးတွေမပွင့်
ခင် မွှေးပျံ့တဲ့ ရနံ့လေးတစ်ခု နှာခေါင်းထဲကိုတိုးဝင်လာ
တယ်...ဒီရနံ့ဟာနေ့တိုင်းတစ်စုံတစ်ယောက်သောသူ
ဆီက မရိုးနိုင်အောင် ရခဲ့တဲ့ကိုယ်သင်းရနံ့လေး..
နောက်ပြီး..xing ခန္ဓာကိုယ်တစ်ခုလုံး နူးညံ့နွေးထွေးတဲ့
မွေ့ယာကြီးထဲနစ်မြှပ်နေသလိုလို.....
စိတ်ထဲမှာတစ်ခုခုတော့တစ်ခုခုလို့တွေးပြီး..xingမျက်ဝန်းတွေ ဖွင့်ကြည့်လိုက်ချိန်မှာတော့...xing ..
xing...လေ တကယ်ကိုသူ့ရင်ခွင်ထဲရောက်နေတာတော့....

လန့်ဖျန့်ပြီး သူ့ရင်ခွင်ထဲကနေ ရုန်းထလိုက်တာကြောင့်
အိပ်ပျော်နေတဲ့ suho လည်း နိုးသွားခဲ့ရသည်

နွယ်​..sulay Ficحيث تعيش القصص. اكتشف الآن