နွယ်​(တတိယပိုင်း)(၃)

799 97 2
                                    

ချစ်လွန်းလို့ ကျွန်မရဲ့နှလုံးသားက
အချစ်တွေရဲ့အောက်မှာ
ပေးစပ်ခဲ့တာပါ
အဆင်ပြေပါတယ် ချစ်သူ
ပေးစပ်ရင်းနဲ့လည်း
ငါချစ်တက်ပါတယ်

ဟုတ်တာပေါ့..ချစ်တက်ရမှာပေါ့
ုကိုယ့်ရင်ထဲအသည်းထဲကနေ ရင်နင့်အောင်
ချစ်ရတဲ့သူအတွက်..အဲ့သလောက်ကတော့
ချစ်တက်ရမှာပေါ့

တစ်ဖက်သတ်အချစ်ဆိုတာ...ကိုယ်ဘယ်
လောက်အထိ ချစ်တက်တယ်ဆိုတာကို
သူမြင်ဖို့အတွက် ကိုယ့်နှလုံးသားကိုအရင်
ဆုံးချပြရတာပါ.. သူ့ဆီကနေပြန်ရဖို့ဆိုတဲ့
မျှော်လင့်ချက်တစ်စုံတစ်ရာထားခြင်းမရှိ
ပဲနဲ့အရဲစွန့်ုပြီး နှလုံးသားကိုစတေးပစ်ရ
တာပါ...

ကျွန်မ နှလုံးသားကိုအရဲစွန့်ပြီး စတေးပစ်
ခဲ့တယ်.ဘယ်လောက်ထိချစ်တက်တယ်ဆိုတာကိုလည်းသူမြင်အောင်ပြခဲ့တယ်

တစ်ဖက်သတ်အချစ်လေ..ကိုယ့်ကိုပြန်မချစ်နိုင်တဲ့သူကို အသက်
လောက်တန်ဖိုးထားပြီး သူ့ကိုချစ်နေရတာ
နဲ့တင်ကျေနပ်နေရတဲ့ တစ်ဖက်သတ်အချစ်ပါ..

ပင်ပန်းလွန်းတဲ့နှလုံးသားလေးကိုအမောပြေ
ချွေးသိပ်ပေးမယ့်လက်တစ်စုံကိုတော့လိုချင်
မိပါတယ်.............

ညနေစောင်းအချိန်မို့ အချမ်းကပိုလာလေပြီ
ဒီကြားထဲ လေအေးတွေက တစ်ချက်တစ်ချက် ခြေသံမပေးပဲ ဖြတ်ဖြတ်တိုက်သွား
တက်သေးတယ်...အချမ်းပေါ်အချမ်းဆင့်နေတာမို့...ကိုယ့်ကိုကိုယ်ဘယ်လိုပုံစံနဲ့ချမ်း
နေသလည်းဆိုတာတောင်မသိတော့ဘူး

ကိုယ်ချမ်းတာကိုဘေးဖယ်ထားပြီး..ခုချိန်မှာ အတွေးထဲဝင်လာတာကသူ့ကိုပါ...နေမကောင်းတဲ့သူတစ်ယောက်အဖို့ ဒီလိုရာသီဥတုအေးနေချိန်မှာ စွတ်ပြုတ်ပူပူလေး
သောက်လိုက်ရရင်ချွေးတွေထွက်ပြီး..
လူလည်းလန်းသွားမယ်လေ..ချွေးထွက်တော့သူနေရတာပေါ့သွားလိမ့်မယ်..ချမ်း
လည်းမချမ်းတော့ဘူးပေါ့

ဒါ...xing စိတ်ကူးလေးပါ စိတ်ကူးဆိုပေမယ့်လည်း အဆင်ပြေလှတာမို့ သူနိုး
လာရင် သောက်ရအောင်ခုထဲကပြင်ဆင်ထားရမယ်လေ

သူ့အတွက်လို့စိတ်ကူးပြီးလုပ်သမျှအရာ
တိုင်း xing စိတ်ထဲမှာပျော်ရွှင်ရတယ်...
တစ်ခါတစ်ခါ လည်း ကိုယ့်ကိုကိုယ်သနား
လာမိတယ်..အမြဲတမ်းပေးစပ်နေရသူမို့
သူ့ဆီကနေတုန့်ပြန်မှုလေးတစ်ခုခုတော့
လိုချင်တာပေါ့ရှင်...အပြုံးလေးတစ်ခုပါ
ကျေနပ်တဲ့အပြုံးလေးတစ်ခုပါ..ကျွန်မပေးစပ်မှုတွေအပေါ်မှာ..ကျေနပ်ပါတယ်ဆိုတဲ့ အပြုံးလေးတစ်ခုပါပဲ...အဲ့ဒီအပြုံး
လေးတစ်ခုကိုရဖို့ ပေးစပ်နေရတဲ့ကျွန်မနှလုံးသားလေးဟာ တော်တော်လေးကိုလုံးပါးပါးနေပြီ

နွယ်​..sulay FicWhere stories live. Discover now