နွယ် (တတိယပိုင်း)(၂၀)
ဆေးရုံမှာနေရင်းဆေးကုသရင်းနဲ့ တစ်နေ့တာကုန်ဆုံး
ချိန်တွေကိုဝမ်းနည်းစိတ်တွေ၊ ကြေကွဲစိတ်တွေ၊ အားငယ်စိတ်တွေနဲ့ကျွန်တော်တစ်ယောက်ထဲဖြတ်သန်းခဲ့ရတယ်။မကျန်းမာတဲ့သူတစ်ယောက်အတွက် လူ့ဘဝကြီးကအဓိ
ပ္ပါယ်မဲ့လွန်းလှတယ်...ဝုန်းဒိုင်းသေလိုက်တာမှကောင်းအုံးမယ်။ဘာကြောင့်ငါ့
ကိုမှကံကြမ္မာကရက်စက်ရတာလည်းလို့တွေးမိရင်
ကိုယ့်ကိုကိုယ်ခံပြင်းလွန်းလှတယ်။ကြိတ်မှိတ်ခံစားနေရုံကလွှဲလို့ရွေးချယ်ပိုင်ခွင့်ဆိုတာ
ကျွန်တော့်မှာမရှိတော့ဘူး...
ဘာလို့လည်းဆိုတော့..ကံကြမ္မာရဲ့ရွေးချယ်ခြင်းကိုကျွန်
တော်ခံခဲ့ရလို့ပဲ...ဘေးနားမှာ မင်ဂျွန်း ရှိနေလို့သာတော်တော့တယ်။ဒီအချိန်
မှာ ကျွန်တော့်အတွက်သူဟာ လက်လှမ်းမှီရာလှမ်းပြီးဆုပ်
ကိုင်ထားရတဲ့ကောက်ရိုးတစ်မျှင်ပဲ။"မနက်စာ ဘာစားထားလည်းဆူဟို"
ခုတင်ထက်မှာမှိန်းနေရင်း မင်ဂျွန်းရဲ့အသံကိုကြားလိုက်ရ
တာကြောင့် အလွန်တရာလေးလံလွန်းနေတဲ့မျက်ဝန်းတွေ
ကို မဖွင့်ချင်ပေမယ့်လည်း...အားယူဖွင့်လိုက်တယ်"စားချင်စိတ်မရှိလို့..မစားထားဘူး ...
.မင်ဂျွန်း ငါဖျားနေပြီနဲ့တူတယ် နေရတာနုံးနေတယ်"
ကျွန်တော့်စကားတွေနဲ့တစ်ဆက်တည်းမင်ဂျွန်းရဲ့လက်က
ကျွန်တော့်နဖူးဆီသို့ချဉ်းကပ်လာတယ်။"ဟာ....မင်းကိုယ်တွေပူနေတာပဲ၊ အဖျားဝင်နေပြီ၊
ခြေထောက်တွေလက်တွေ လည်းယောင်နေတယ်။
ရေတွေအရမ်းမသောက်နဲ့ဆူဟို၊ရေကတော့သောက်
တယ်၊ ဆီးအဖြစ်မသွားဘူး၊ အဲ့တော့မင်းခြေတွေလက်
တွေကယောင်လာပြီပေါ့။ကျောက်ကပ်ကထွက်တဲ့အရည်နဲ့မင်းသောက်တဲ့ရေကိုချိန်သောက်ပါ။
ဖြစ်နိုင်ရင်ရေကိုလုံးဝလျော့သောက်တာအကောင်းဆုံး
ပဲ"
YOU ARE READING
နွယ်..sulay Fic
RandomSulay fic... နှင်းဆီနီလေး တစ်ပွင့်ကိုကိုင် သူ ကျွန်တော့်ရှေ့ လာရပ်တယ် မျက်ဝန်းမှာတွဲ၊ပုလဲတွေက ဖြေလျော့ကာ ရွဲနေတဲ့ မျက်ရည်အိမ် ပြတင်းကနေ တစ်ပေါက်ချင်းစီ သူ စကျဲတယ် ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့ သူ့လက်ထဲက ခပ်မြော့မြော့ နှင်...