နွယ်​ (တတိယပိုင်း)(၇)

760 94 4
                                    

suho ကားကွေ့ကွေ့ပြီးချင်း ကားပေါ်မှကမန်းကတန်း
ဆင်းကာ xing ထိုင်နေတက်တဲ့ နေရာလေးသို့အပြေး
အလွှားကြည့်မိတယ်..

ဟား...........လို့ ရင်မောသံနှင့်အတူ..မျက်စိကိုစုံ
မှိတ်ကာ တစ်လမ်းလုံးရင်မောလာသမျှ ခုမှပဲ ရင်တစ်ခု
လုံးက အပူလုံးကြီးကျသွားတော့တယ်..

xing ကိုသူတွေ့နေရပြီလေ အရင်သူထိုင်နေကြနေရာလေးမှာ အရင်အတိုင်းနံရံလေးမှီကာ အိပ်ငိုက်လို့ပေါ့
ကားနားကနေရပ်ကြည့်နေတဲ့ suho ရဲ့ခြေလှမ်းအစုံကတော့ လှမ်းဖို့ပင်သတိမရ မတွေ့ရတော့ဘူးလို့ထင်နေရ
တဲ့သူတစ်ယောက်ကို ခုလိုပြန်တွေ့ရလို့ ဖော်မပြနိုင်တဲ့
ဝမ်းသာမှုက သူဘယ်လိုဖော်ပြရပါ့မလည်း

ရပ်ကြည့်နေရင်း တလှပ်လှပ်လှုပ်ရှားနေတဲ့ရင်အစုံဟာ
ချိန်ကိုက်ဗုံးတစ်လုံးလိုပဲဘယ်ချိန်မှာပေါက်ကွဲထွက်မလည်းလို့သူမသိနိုင်ဘူးလေ ဝမ်းနည်းဝမ်းသာ
တပြိုင်နက်ဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်ကြောင့် ကတုန်
ကယင်ဖြစ်နေရှာတဲ့ လက်ဖျားတွေကို တစ်ဖက်နဲ့
တစ်ဖက်ဆုပ်ကိုင်ရင်း အိပ်ပျော်နေတဲ့ xing ဆီကို
လျှောက်လာလိုက်တယ်

xing အနားရောက်တော့ သူ့ဘေးနားက လွတ်နေတဲ့နေရာလေးမှာ ဝင်ထိုင်လိုက်ရင်း အိပ်ပျော်နေတဲ့သူမ
ကို ငေးကာကြည့်နေမိတယ်လေ...သွယ်လျတဲ့
မျက်နာပေါ်မှာ ပါးလျတဲ့နုတ်ခမ်းတစ်စုံ ကကာရန်ညီညာတဲ့ကဗျာတစ်ပုဒ်လို လိုက်ဖက်လွန်းလှတယ်ကော့ညွှန့်တဲ့မျက်တောင်လေးတွေကတော့ ဖြူဖွေးပြီးမို့နေတဲ့မျက်ခွံလေးတွေ ကိုနေမထိ လေမထိရအောင်
အကာကွယ်တွေပေးလို့..ဝင်းမွတ်တဲ့ပါးပြင်လေးဟာ ဘာအပြင်အဆင်မှ လိမ်းခြယ်ထားခြင်းမရှိပါပဲနဲ့ ပန်းနု
ရောင်လေးတွေ ကသူ့ပါးပြင်မှာရှပ်တိုက်ပြေးလွှားနေကြတယ်...ကျွန်တော့်အမြင်မှာတော့ သူ့မအလှ
ဟာပြီးပြည့်စုံတဲ့ တေးသွားတစ်ပုဒ်ဖြစ်ပြီးသူမရဲ့ နှလုံးသားဟာချိုမြတဲ့ သစ်သီးတစ်လုံးနဲ့ထပ်တူညီတယ်
လို့ထင်တယ်....သူမအလှဟာ လူကိုရူးလောက်တယ်

suho အိပ်နေတဲ့xingကို ကြည့်နေရင်းစိတ်ထဲကလိကလိဖြစ်လာတယ်...လေထဲမှာမြောက်တက်လာတဲ့ကျွန်တော့်လက်တစ်စုံဟာ..နှင်းဆီဖူးလို
အရောင်ပြေးနေတဲ့ သူမရဲ့ လှပလွန်းတဲ့နုတ်ခမ်းတစ်
စုံရဲ့ဆွဲအားတွေအောက်မှာအရှိန်တွေ ရပ်တန့်လိုမရခဲ့ဘူး

နွယ်​..sulay FicWhere stories live. Discover now