နွယ်​(တတိယပိုင်း)(၅)

724 96 2
                                    

နှင်းဆီပန်းအနီ​ရောင်​​လေးတစ်​ပွင့်​ကိုင်​ပြီး
သူ ကျွန်​​တော့်​​ရှေ့ လာရပ်​တယ်

မျက်​ဝန်းမှာခိုတွဲ​နေတဲ့ ပုလဲ​လေး​တွေက​တော့အရှိန်​မသတ်​​သေး တစ်​​ပေါက်​​ပေါက်​​ကြွေလို့​ပေါ့

နောက်​​တော့ကျွန်​​တော်​နဲ့မျက်​နှာချင်းဆိုင်
လာရပ်​ပြီး..ကိုင်​လာတဲ့နှင်းဆီပန်းအနီ​ရောင်
ကို သူ့လက်​​တွေနဲ့တင်းကျပ်​စွာဆုပ်ကိုင်​​ကာ..လုံး​ချေပစ်​လိုက်​တယ်​..ခဏကြာ​​တော့ဆုပ်​ထားတဲ့လက်​​တွေကိုအသာ​လေး ဖြည်းညင်းစွာ ​ဖြေ​လျော့လိုက်​ချိန်​မှာ​တော့ လုံး​ချေထားတဲ့နှင်းဆီပွင့်​ဖတ်​​လေး​တွေဟာကြမ်းပြင်​​ပေါ်သို့တစ်​စစီ ​ဝဲလွင့်​ကာ
ကြွေကျလာကြတယ်​ ​နောက်​​တော့သူ့နုတ်​ဖျားက​နေစကားတစ်​ခွန်းထွက်​ကျလာတယ်

"အဲ့ဒါကျွန်​မရဲ့နှလုံးသားပဲ"

ကျွန်​​တော်​သူ့ကိုဘာပြန်​​ပြောရမှန်းမသိခဲ့
သူ​ရှေ့ဆက်​ပြီးစကားများဆက်​​ပြောမလားလို့ ကျွန်​​တော်​နားစွင့်​​နေ​ပေမယ့်
တသိမ့်​သိမ့်​ရှိုက်​ကာတုန်​​နေ​တဲ့ခန္ဓာကိုယ်​​လေးကိုသာ မြင်​​နေရတယ်

နောက်​တော့ xing ရဲ့ခန္ဓာကိုယ်​​လေး
ဟာ..အ​ရှေ့ကိုငိုက်​ကာ​ခွေကျလာတာ​ကြောင့်​ ကျွန်​​တော်​သူ့ရဲ့ပုခုံးနှစ်​ဖက်​ကိုကိုင်
ကာဆွဲထိန်းလိုက်​တယ်​..​ပြောရရင်​ကျွန်​​တော်​အရမ်းကိုစိတ်​ပူမိသွားတယ်​..သူကျွန်​​တော့်​ကို အဲ့သ​လောက်​​တောင်​ချစ်​တာလား

"မင်း..စိတ်​ကိုထိန်းပါအုံး..xing..xing"

ကျွန်​​တော်​ပါးစပ်​ကတဖွဖွသူ့နာမည်​ကို​အော်​ရင်းပုခုံးနှစ်​ဖက်​ကိုဆွဲကိုင်​ကာလှုပ်​ရမ်းလိုက်​တယ်​..​ဒါမယ့်​​လေ..မျက်​ရည်​​တွေကြားက​နေ​မော့ကြည့်​လာခဲ့တဲ့သူမရဲ့မျက်​ဝန်း​တွေကကျွန်​​တော့်​ကို တစ်​ခုခု​ပြောခွင့်​ပြုဖို့​တောင်းဆို​နေသလိုပဲ...

တစ်​ခါမှxing ရဲ့ဒီလိုပုံစံကို မမြင်​ဘူးတာ​ကြောင့်​ကျွန်​​တော်​ကိုယ်​တိုင်​လည်းဘာလုပ်​လို့လုပ်​ရမှန်းမသိလို့ကျွန်​​တော့်​လက်​ဖျား​တွေ​တောင်​​အေးစက်​လာခဲ့တယ်​..​နောက်​​တော့ သူ့ပုခုံး​တွေကိုကိုင်​ထားတဲ့ကျွန်​​တော့်​ရဲ့လက်​​​တွေ​ကို ဖယ်​ရှားပြီး....သူ့ရင်​ဘတ်​အစုံကိုလက်​နဲ့ဖိကာ....

နွယ်​..sulay FicWhere stories live. Discover now