နွယ်​(တတိယပိုင်း)(၃၀)

469 45 18
                                    

(၁)

နိုးစက်မပေးပါပဲနဲ့မျက်ဝန်းတွေဟာသူ့အလိုအ
လျောက်ဖျတ်ခနဲပွင့်လာတယ်။ဘေးနားမှာတင်
ထားတဲ့နာရီကိုယူကြည့်လိုက်တော့မနက်ခြောက်
နာရီထိုးပြီ။အပြင်ဘက်ခပ်လှမ်းလှမ်းတစ်နေရာ
ဆီကနေ ကျေးငှက်လေးတွေတစ်ချို့ရဲ့တေးသီ
သံကိုသဲ့သဲ့ကြားရတယ်။သေချာပြီ။ဒါဆို
သူမလည်းခြံထဲကိုရောက်နှင့်နေပြီ။

ဆောင်းငွေ့ကိုခိုလှုံပြီးအညှာတာမဲ့တိုးဝင်​လာ​သော
လေ​အေးများကြောင့် ပြတင်းပေါက်ကအပြာနု
ရောင်​ခန်းဆီးစဟာတဖျပ်​ဖျပ်​နဲ့လွင့်​ခါ​သွားတယ်။
ပြတင်း​ပေါက်​နဲ့ခန်းဆီးစ ကင်းကွာသွားချိန်​တိုင်း
ပတ်ဝန်းကျင်တစ်ခုလုံးကိုဖြန့်ကျက်ပေးထားတဲ့
အလင်းရောင်ဖျော့ဖျော့သည်​အခန်းထဲသို့ဝင်လာ
လိုက်၊ပျောက်သွားလိုက်။ခန်းဆီးစတွေကိုဘေး
ဘက်သို့တွန်းဖယ်ရန်ကျွန်တော်ခုတင်ပေါ်မှဆင်း
လိုက်သည်။

"အ..."

လူတစ်ကိုယ်လုံးယိမ်းထိုးစွာမူးနောက်နေ​သော
ကြောင့်ခြေလှမ်းတွေရှေ့ဆက်မလှမ်းခင်မှာပဲ
ခန္ဓာကိုယ်ဟာခုတင်ပေါ်သို့ပြန်ပြုတ်ကျသွားခဲ့
တယ်။

ဒီမနက်မှာမျက်လုံးဖွင့်ဖွင့်ချင်းခေါင်းထဲမှာခံစားလို့
မကောင်းတဲ့ဝေဒနာတွေကို မနက်ခင်းလက်ဆောင်
အဖြစ်ကျွန်တော်ရရှိလိုက်ပြီ။အရာဝတ္တုတွေရဲ့
နိမ့်ချီမြင့်ချီလှိုင်းသဖွယ်ရွေ့လျားရာနောက်ကို
လူကတပ်ကြပ်မကွာလိုက်နေရတာကြောင့် ကျွန်တော့်ခြေထောက်တွေဟာမြေပေါ်မှာ
မတည့်မတ်နိုင်တော့ဘူးလေ။

ဟင့်အင်း...ဒါပေမယ့်ကျွန်တော်ကြိုးစားပြီးရပ်မယ်
ဟိုးးးမှာမြင်နေရတဲ့အပြာရောင်ခန်းဆီးစတွေဆီ
ကျွန်တော်ရောက်အောင်သွားမယ်။ခန်းဆီး
တွေရဲ့နောက်ကွယ်မှာကျွန်တော့်ရဲ့ပန်းပွင့်လေး
ရှိနေတယ်လေ။ခြေထောက်တွေက အားမနိုင်ပေမယ့်
ခန်းဆီးရဲ့နောက်မှာ တပွင့်ထဲသောပန်းလေး
ရှိနေတယ်ဆိုတဲ့အသိဟာ ကျွန်တော့်အတွက်
အားအင်တွေဖြစ်စေလို့၊အဲ့ဒီနေရာကိုခက်ခက်ခဲခဲနဲ့
ကျွန်တော်ရောက်အောင်သွားခဲ့တယ်။
တုန်ယင်နေတဲ့လက်တွေဟာခန်းဆီးစတွေကိုတွဲခို
ရင်းဘေးဘက်သို့တွန်းရွေ့လိုက်တယ်။

နွယ်​..sulay FicWhere stories live. Discover now