အဲဒီနောက်

323 9 3
                                    

"အဲဒီ​နောက်​…"

မယုံကြည်​နိုင်​စရာ ​မျော်​လင့်​ခြင်းများသည်
ကွေးလိမ်​​ခွေ​ခေါက်​ သွားပြီး​နောက်

ဝပ်​တွားသွား​သော သတ္တဝါတစ်​​ကောင်​ကဲ့သို့
ဘဝသည်​ လွန်​စွာ​လေးလံခဲ့ပြီး​နောက်

အရာရာသည်​ ဆွံအပိတ်​​လှောင်
တစပြင်​​ထောင်​ထဲက လူလို
ငြီ​မွေ့မြူးထ အုံမှိုင်းခဲ့ပြီး​နောက်

အဲဒီ​နောက်​...
ပျော်​ရွှင်​ခြင်း ထမ်းပိုးသူနှင့်​ ဆုံခဲ့သည်​။

အဲဒီ​နောက်​...
ဝမ်းနည်းခြင်းများ ဖိတ်​စင်​မသွား​တော့ပါ။

ကောင်းကင်​မှာ
ဆယ့်​​ခြောက်​နှစ်​သားတုန်းကလို ရာသီဥတုနှင့်
အ​တွေးသည်​ ​ဖောက်​လွဲ​ဖောက်​ပြန်​ခြင်းတို့ထံမှ
ပကတိဖြူစင်​ရိုးသားပြီး
ဘဝ၏​မြေသြဇာမှ အိမ်​မက်​များ အပင်​ပြန်​​ပေါ်က်​ခဲ့၏။

အဲဒီ​နောက်​....
ငါ့မှာ တစ်​စုံတစ်​ရာရှင်​သန်​လာသည်​။

အဲဒီ​နောက်
ငါတစ်​စုံတစ်​ရာကို ပန်​ကြားခဲ့သည်​။

အဲဒီ​နောက်​...
ငါ့ဥယျာဉ်​သည်​ အမြဲစိမ်းလန်းလာ၏။

ထိုကဲ့သို့ ဖြစ်​စဉ်​တစ်​ပိုင်းတစ်​စသည်
ဘဝကို မီး​မောင်းထိုး
ပင်​လယ်​ကို ရွက်​လွှင့်​လို့
အနာဂတ်​၏ ခရီးစဉ်​အစဖြစ်​ခဲ့သည်​ဆိုလျှင်
အဲဒီ​နောက်​.....။

Aug19.2015
Minsetwai

အရူးတစ်ယောက်၏ကဗျာများWhere stories live. Discover now