လေရူး

29 4 0
                                    


လေရူး
******

နွေဦးမှာ ငါဟာ လေရူးပါ မေ..
ပူပြင်းပြင်း ခြောက်ကပ်ကပ်
ဝေဒနာ အက်ကွဲကြောင်းတွေနဲ့
ဘဝကို ညနဲ့အတူထမ်းပြီး
လောကဓံကို..အံကြိတ်
" တောက်"ခတ်နေမိ...။

တကယ်တော့လည်း..
ဘယ်သူမှမပေးဘဲ ကိုယ်တိုင်ယူခဲ့တဲ့
ဝေဒနာဆိုးတွေပါ...မေ
အဲဒီရာသီထဲ
ငါဟာ..ဂျစ်ပစီရောင် ပေါ်က်နေရက်နဲ့
ကျောပိုးအိတ်အပေါက်ထဲ
လေခြွေသီးတွေ ကောက်ထည့်ခဲ့မိ...။
ငါရဲ့ ဘုံနန်းက ဘယ်ဟာလဲမေ
ခပ်အအ ငါ့စိတ်ကူးတွေ
လေယူယိမ်းလို့..လမ်းလွဲနေချိန်
အဲဒီနွေဦးပေါ့လေ
ငါ့ကို စိတ်ကူးတွေနဲ့ ရူးသွပ်အောင်
ချွေးသိပ်မိတ်ဆတ်ပေးခဲ့တာ
မျော်လင့်ခြင်းသစ်သီးတွေ..
ကြွေကျခဲ့ရပေါ့...မေ..။
June16.2012
Minsetwai

အရူးတစ်ယောက်၏ကဗျာများDonde viven las historias. Descúbrelo ahora