ကျေးဇူးပြုပြီး..ညနေကို ပွေ့ဖတ်လှည့်ပါကွယ်

43 4 0
                                    

ကျေးဇူးပြုပြီး..ညနေကို ပွေ့ဖတ်လှည့်ပါကွယ်

ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့
ရွေးချယ်ဖို့ လက်တွန့်ခဲ့သူက မင်းပါကွယ်...
မင်း..ကောင်းတာတွေ
တွေ့ပါစေ....
မြင်ပါစေ....
ကြားပါစေ..
ရယူပိုင်ဆိုင်နိုင်ပါစေ....
ငါဟာ...အဲလို ဆုတောင်းပေးခဲ့ရသူ..။
အဲဒီအချိန်
မိုးဇင်ကလည်း...သူ့အထာနဲ့သူ
မကေခိုင်ကလည်း...ငေးချင်ရာငေးလို့
မဇင်မာကလည်း....စကားတွေပြော
ငါ့ကတော့ နင့်ကို တိတ်တခိုးငေးလို့
ရင်ဘတ်ထဲမှာ မွန်းကျပ်ခဲ့ရဖူးတယ်။...။
အဲဒီညနေခင်းထဲ..ပုန်းခိုနေခဲ့တာ အမှန်ပါဟာ
နင့်နားလည်ခြင်းကို အားငယ်မျော်လင့်နေရင်းပေါ့
မရနိုင်တာတွေအတွတ်..ငိုပစ်လိုက်မိတော့မလားဘဲ
ငါ့ဟာလေ..နင့်အတွတ်တော့
ဒီယုန်မြင်လည်း
ဒီချုံကိုတော့ မထွင်ခဲ့မိသူပါကွယ်...။
Sep10.2016
Minsetwai

အရူးတစ်ယောက်၏ကဗျာများWhere stories live. Discover now