ကြယ်စင်ရေ

70 4 2
                                    


ကြယ်စင်ရေ......

ကြယ်စင်ရေ....
မင်းဟာ ငါရဲ့ကဗျာပေါ့
သိမ့်မွေ့ခြင်း၊နူညံခြင်းတို့ဟာ ငါ့နှလုံးသွေးဆီ
တဆင့်ဆင့် တိုးဝင်......။
ကြယ်စင်ရေ....
အရိပ်ကလေးပဲ ငါ့ဖြစ်လိုက်ချင်ရဲ့
မင်းရဲ့ဖြူစင်ရိုးသားမူမှာ လည်း
ငါကိုယ်ငါ စိုးရိမ်လို့
မလုံမလဲနဲ့ပဲ
ကြယ်စင်အတွတ်
ဟော့ဒီကဗျာကို စပ်မိတယ်။
အမှန်တော့ ငါဟာဘာမှမဟုတ်ပါဘူး
တေလေပါကွယ်....
ဒါပေမယ့် ကြယ်စင်အတွတ်တော့
အမှတ်တရဖြစ်ဖို့
နှလုံးသားကို ကဗျာရေးခိုင်းလိုက်ရတယ်...။
Oct31.2016
Minsetwai

အရူးတစ်ယောက်၏ကဗျာများDonde viven las historias. Descúbrelo ahora