ကဗျာတွေရဲ့ကဗျာ

31 4 0
                                    


ကဗျာတွေရဲ့ကဗျာ

အယူအဆခပ်ပြင်းပြင်းနဲ့ အဆိပ်ခတ်ထားသောကဗျာများ
မှုန်မှုန်ဝါးဝါးနဲ့ ရှေ့တန်းထွက်လာခဲ့ကြပြီ
အိမ်မက်လည်းမပါ၊မျော်လင့်ချက်လည်းမပါ
အသံလည်းမရှိ၊ခံစားချက်လည်းမသိ
ကျို့တို့ကျဲတဲနဲ့ စကားလုံးတစ်ချို့နဲ့
လိမ္မာပါးနပ်ချင်ယောင်လည်း ဆောင်ကြ
ပရိယာရ်ကင်းမဲ့စွာနဲ့ ကျက်သရေရှိဟန်လည်းဆောင်ကြ
အဲဒီကဗျာတွေက သူတကာကြားမှာ
မြောက်ကြွ၊မြောက်ကြွ....။
တစ်ချို့က
ရည်စားစာလည်း ကဗျာ
တရားစာလည်း ကဗျာ
ဆုံးမစာလည်း ကဗျာ
ဆောင်ပုဒ်နဲ့စကားထာတွေကလည်း..ကဗျာ
ဖတ်လို့ကောင်းနေတာလည်း ကဗျာ
ဆိုနေကြတော့
အများသုံးအိမ်သာထဲက စာတစ်ချို့ဟာလည်း...ကဗျာ။
ဒါပေမယ့် နောက်ဆုံးတော့လည်း
သစ်ရွက်တွေလို မှေးမှိန်ကြွေကျ
တန်းမှာချိတ်တင် ကျန်ရစ်ခဲ့မှ
အသက်ရှင်နေတဲ့ ကဗျာဆိုတာ
ကြွားဝါမူသေနေတဲ့ မျတ်နှာမွဲတွေမှန်း
ရုတ်တရတ် သိလာကြမှ
ကဗျာဆိုတာ
ဘယ်သူမှ မထင်မှတ်တဲ့ မျတ်လှည့်ဆရာ။
Nov22.2015
Minsetwai

အရူးတစ်ယောက်၏ကဗျာများWhere stories live. Discover now