ဆန့်ကျင်ဘက်လားရာမှ တိမ်တိုက်နှစ်စင်း

35 4 3
                                    

ဆန့်ကျင်ဘက်လားရာမှ တိမ်တိုက်နှစ်စင်း

ကျွန်တော်...အရမ်းလွမ်းတယ်ဗျာ
ဘာကိုမှန်း မသိတာကို ကျွန်တော် သေအောင်လွမ်းနေတယ်..
ခင်ဗျား...ဒီနေရာမှာ...ရှိမနေခြင်းဟာ
ကျွန်တော်အတွတ်တော့
နွားခြေရာခွက်ထဲက ဖားသူငယ်လို
သောင်ပြင်မှာ လမ်းပျောက်နေတဲ့..ဟိုတိရိစ္စာန်လို
သိမ်ငယ်စိတ် ကသိကအောင့်နဲ
ရင်ဘတ်ထဲ ဗျောင်းဆန်အောင် မုန်တိုင်းထန်နေတယ်။

ခင်ဗျား...သိလား..
ကျွန်တော် နှစ်ရောင်စပ်ထားတဲ့ကောင်းကင်ကို လွမ်းတယ်
မင်္ဂလာပါလို့ နူတ်ခွန်းဆက်သံကို...လွမ်းတယ်
ခင်ဗျားနဲ့အတူကျော်ဖြတ်လာခဲ့တဲ့
သမိုင်းတစ်ခုကို ကျွန်တော်လွမ်းတယ်...
စိတ်ပါမှ စကားပြန်ပြောတတ်တဲ့ ခင်ဗျားရဲ့အကျင့်လေးကို လွမ်းတယ်..
ပြီးတော့..ခင်ဗျားရဲ့အသံကို ကျွန်တေိာလွမ်းတယ်...
နောက်ဆုံး..
ခင်ဗျားဆွဲပေးမယ့်..ပုံတူလေးတောင် ကျွန်တော်လွမ်းနေတယ်။

ခင်ဗျား..ဒီမှာမရှိတာဟာ
စိတ်အားငယ်သူအဖို့..
ဆက်ပြေးဖို့.. ခွန်းအားလျော့နည်းစေတယ်
ကျွန်တော်က သူရဲဘောကြောင်ကောင်
အဲဒါတောင် ခင်ဗျားကို ဖေးမခဲ့မိတယ်နော်
အဲဒါအမှန်မဟုတ်တော့ဘူး
အခုက စိတ်အားငယ်ခြင်းဟာ သံချေးတတ်လာတာ
ဒါပေမယ့်... ဘာအကြောင်းကြောင့်မှ
ကျွန်တော်ကို..ငဲ့ကြည့်စရာမလိုဘူးနော်။
ကျွန်တော်ကကျွန်တော်
ခင်ဗျားကခင်ဗျားလေ...
ဒါပေမယ့်...
ရယ်စရာ..ကောင်းနေတာက
ခင်ဗျားကို...ကျွန်တော်လွမ်းနေတယ်....။
Dec3.2016
Minsetwai

အရူးတစ်ယောက်၏ကဗျာများWhere stories live. Discover now