ဒိုက်

25 7 0
                                    


ဒိုက်

တကယ်လို့ လောကမှာဘာမှမရနိုင်ဘူးဆိုရင်တောင်
မင်းဆီက ကဗျာတစ်ပုဒ်လောက်တော့ လိုချင်သား
အဲဒီတောင်းဆုဟာ အာသီသပြင်းတဲ့ ချဉ်ခြင်းအလား
ရင်ထဲမှာ မွန်းကျပ်တောက်လောင်နေခဲ့တာ..။
ငါကလေ.....ငါကပေါ့...
မင်းစာမျတ်နှာထဲ ဝင်ပါချင်နေမိသူပါ
သြော်..သူငယ်ချင်းလေး
အဲဒီကဗျာသွေးတွေ စီးဆင်းနေတဲ့အခိုက်
ငါ့ဆိုတဲ့ ဒိုက်(အမှိုက်) ဟာ
အနှောင့်အယှတ် ဖြစ်နေလေရော့သလား...ကွယ်
ဒီဒိုက်က တွယ်တာတတ်နေမှတော့
ကမ်းတစ်ကမ်းမှာ
လှိုင်းပုတ်တင်ခဲ့လိုက်ပါလား
အဲဒီကမ်းပေါ်မှာ
နေပျော်စရာ ဖြစ်အောင်တော့
ကဗျာတစ်ပုဒ်တော့ လက်ဆောင်ပေးခဲ့ပေါ့ကွာ..။
Dec16.2016
Minsetwai

အရူးတစ်ယောက်၏ကဗျာများWhere stories live. Discover now