တမ်းတရာ(၂)

83 4 0
                                    

တမ်းတရာ(၂)

ငါ့အတွတ် မင်းဟာ အသံမကြားဘဲ
ကြည့်ရတဲ့ ရုပ်ရှင်တစ်ကားလို့ ဖြစ်နေသလားကွယ်
အဲဒီပိတ်ကားဖြူဖြူထက်မှာပေါ့..
ဘဝတရားကို သိသလိုနပ်သလို အထာမျိုးတွေနဲ့ပဲ
မင်းက နှင်းကျလိုက်
ငါက မိုးရွာလိုက်နဲ့
ရာသီတွေရယ် ခြားလိုက်တာနော်...။
ရထားသံလမ်းလို..မျိုး
ဟိုဘက်တစ်တန်း ဒီဘက်တစ်တန်းများလာကွယ်
ဒါပေမယ့် တို့တွေရဲ့အပေါ်က
ရထားတစ်စင်းကတော့ ခရီးသွားဆဲပဲ(ပုံမှန်)နော်
အဲလိုပဲ တို့တွေရဲ့
ခရီးတစ်ခုကလည်း ထပ်တူကျနေဆဲပဲနော်..။
တမ်းတတယ်..ငါ့ရင်ဘတ်တစ်ခြမ်းရယ်
မင်းဒီဘက်ကမ်းကို ဘယ်တော့များမှကပ်မှာလဲကွယ်
ဟော့ဒီမှာ.ငါဆောက်ထားတဲ့ မီးပြတိုက်.
ရင်ဘတ်ချင်းဝေးပေမယ့် ထိန်ထိန်တော့လင်းနေတယ်.
အရုပ်ဆိုး အကျည်းတန်ပေမယ့်
မင်းအတွတ်တော့ နွေးစေမယ်(ဆိုပေမယ့်)
ပြောစရာတစ်ပုံတစ်ခေါ်င်းကို.
သဲသောင်ပြင်ထဲမှာ ဝှတ်လို့.
ငါ တိုးတိုးလေးတော့ ဆုတောင်းတယ်
ငါချစ်ရတဲ့သူ ပျော်ပါစေ....လို့ ။
အဲလိုမျိုး ဒီပိတ်ကားထက်မှာ
အဲလိုမျိုး ဒီရထားဘီးတွေအောက်မှာ
အဲလိုမျိုး အထီးတည်း သောင်ပြင်ထက်မှာ
ဟော့ဒီအလွမ်းတွေကို ငါစာစီကုံးနေခဲ့မိတာဟာ
ငါလေ(.................................)ပါ..။
မထင်မှတ်ထားတဲ့ ငါ့ရဲ့ရင်ခွင်တစ်စပြင်ထက်က
ဖွင့်ဟဝန်ခံခြင်းမရှိသေးတဲ့
အသံတိတ်စကားလုံးတွေ ဟာ
အလေအလွင့်တစ်ယောက်ရဲ့..
မူးပြီးအော်ဟစ်သံ..မဟုတ်ဘူးနော်
ဘဝနဲ့ရင်းပြီးမှ ထွက်လာတဲ့
သံယောဇဉ်တွင်းနတ်နတ်ထဲက အသံပါကွယ်..။
ကြားရဲ့လား..အချစ်ရယ်..
အဲဒီ.. ဇတ်ဝင်နောက်ခံ တေးကို
အဲဒီ..ရထားဥသြဆွဲသံကို..
အဲဒီ..မီးပြတိုက်က ခရာမှုတ်သံကို.
ပြီးတော့..ငါ့ရင်ဘတ်ထဲက
စကားလုံးတွေရဲ့ ဟစ်အော်သံကို..
ဒါတွေ..
မင်းကြားနေမယ်ဆိုရင်တော့
ငါ ရေငုံနူတ်ပိတ်ပြီး
မင်းရဲ့ရာသီ..
နှင်း တဖွဲဖွဲထဲ
ခရာစူးတွေ စူးနစ်နေရင်တောင်.
ငါ အကောင်းဆုံးသရုပ်ဆောင်ပြပါ့မယ်..။
ချစ်သူကြည့်လှည့်တော့
ရင်ကွဲနာ မကျချင်သူမှာ
ရင်ကွဲပတ်လတ်နဲ့
ဘဝ ပတ်ကြားအက်ထဲမှာ
မင်းမျတ်နှာကို မှန်းဆတမ်းတမျော်မှန်းရင်း
ဖိနပ်တို့ဟာ ပါးလျပြီ။
11:15pm
Jan2.2017
Minsetwai

အရူးတစ်ယောက်၏ကဗျာများWhere stories live. Discover now