တယော

95 4 2
                                    

တယော

ကောင်မလေးရယ်...
ငါဟာ မင်းရဲ့ ရယ်သံချိုလွင်လွင် တစ်ချက်နဲ့
ရင်ဘတ်ထဲမှာ သံစဉ်တစ်ပုဒ် တီးလို့
ကဗျာတစ်ပုဒ်နဲ့
ကောင်မလေးရဲ့လက်ထဲ
ငါ့ဘဝကို ဝကွက်အပ်မိတယ်....။
ကောင်မလေးရယ်..
မရေရာခြင်းတွေပေါင်းစပ် အဖြစ်မရှိတဲ့ငါ့မှာ
မင်းရဲ့ ရယ်သံချိုချို တစ်ချက်က
အကောင်းဆုံး သမားတော်ဖြစ်လာတော့
အတိတ်ဒဏ်ရာတွေကိုလည်း
ငါသတိမရတော့...
စိတ်ဝေဒနာတွေကိုလည်း
ငါ..မခံစားရတော့...
အဲဒီရယ်သံ တစ်ချက်ထဲမှာပေါ့
ငါဟာလေ...ငါ့ကိုယ်ငါ အစိုးမရတော့...။
Oct28.2016
Minsetwai

အရူးတစ်ယောက်၏ကဗျာများWhere stories live. Discover now