တကယ်လိုများ

82 3 2
                                    

တကယ်လို့များ

တကယ်လို့များပေါ့
ငါ သေဆုံးသွားခဲ့မယ်ဆိုရင်
ငါ့အုတ်ဂူကလေးမှာ
ချောင်းကြည့်ပေါ်က်က်ကလေး ဖောက်ခဲ့ပါ
ငါ့ချစ်သူအလာကို ငါငေးကြည့်ချင်နေခဲ့လို့.....။
သူမ...တိမ်လွှာဝတ်ရုံနဲ့..ခရီးထွက်သွားတယ်
ခိုးနမ်းခဲ့တဲ့ ဆံနွယ်တစ်စတောင်မချန်သွားဘူး
ရင်ဘတ်ဒဏ်ရာ အဆိပ်တတ်နေတုန်းမှာ (ကိုက်ခဲနေတုန်းမှာ)
မြို့ဟောင်းပြသာဒ်တွေလို
မျော်လင့်ခြင်းလေးတွေခမျ
ပြိုပျက်သွားခဲ့ရရှာတယ်။
တကယ်လို့မျာ....
ငါဆိုတဲ့ကောင် ရေကြည်တစ်ပေါ်က်ဖြစ်ခဲ့ဦးမလား
သူ့လက်တွင်းထဲ မိုက်ရူးရဲ ဆင်းသက်ဦးမှာ
(ငါ အော်မြည်)
သူမ ဘာကြောင့်များ အိမ်ရှေ့ကိုရောက်မလာခဲ့တာလဲ
ငါ့တံခါးတွေကတော့ ဖွင့်ထားလျှက်ပါပဲ
ဒီလက်ခုတ်တွင်းထဲကနေလည်း
ငါ ဆုတောင်းနေဆဲပါပဲ
မနက်မိုးသောက်တဲ့အခါ သူမရောက်လှည့်ပါလို့...။
တကယ်လိုများ...
ငါ အသက်မရူတော့ဘူးဆိုရင်ပေါ့
ငါ့ရင်ဘတ်ပေါ် သူမနှစ်သက်တဲ့ နှင်းဆီပွင့်လေးတင်ပေးပါ
အိမ်တံခါးလေးလည်း ဖွင့်ပေးပါ
အုတ်ဂူလေးလည်း ဖောက်ပေးပါ။
ဒီ... အလိုရှိခြင်းတွေဟာ
ဒီလူရဲ့ သံသရာ ရဟတ်တွေပါ..
အဲလိုနဲ့....
အိမ်မက်ကလေးရေ....
မြက်ပင်လေးတွေ
ရှည်လျားလာလိုက်တာ
ဘာမှ မမြင်နိုင်တော့ဘူးကွယ်...။.....။
Api4.2011
Minsetwai

2011Minsetwai

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
အရူးတစ်ယောက်၏ကဗျာများWhere stories live. Discover now