ကြွေပန်းသီးအတွတ်ရင်ဘတ်

40 4 0
                                    


ကြွေပန်းသီးအတွတ်ရင်ဘတ်

ညဥ့် ကောင်းကင်ယံထက်က
ရင်ဘတ်ပေါ်ကြွေကျလာတဲ့...ပန်းသီးတစ်လုံး..
မပုတ်သိုးခင် စားသုံးဖို့..
နိုးဆော်နေလေရော့သလား
နေပါစေကွယ်..
သူဟာ..ကြွေနေလည်း...လှရှာတယ်။

အဲဒီညတွေမှာ ခြေထောက်ပျောက်သွားတဲ့သူပါ
ဆံနွယ်စတွေမှာ အနမ်းအခတွေ ရည်စူးခြွေခဲ့ရင်း
တစ်ယောက်လက်တစ်ယောက်ဆုတ်ကိုင်ထားတော့
နွေးထွေးမူက နှလုံးဆီမပျံနှံမီ
အချိန်သည် အကန့်အသတ်နှင့်...ဆိုလေရစ်တော့
ရင်မောစွာနဲ့...ကိုယ်ဟာ
သူ့မျတ်ဝန်းမှာ ခိုဝင်ပုန်းကွယ်ခဲ့ဘူးတယ်....။

ဒါဟာ တိတ်ဆိတ်တဲ့...ရေပြင်ပြာလေးပဲ
ငါ့ စိတ်ကူးတိမ်တိုက်တွေနဲ့....
ကြည်လင်နေပါစေ...
သံစဉ်ပိုင်းစတစ်ခုကို တီးတိုးရွတ်လို့..
သူလက်ဖဝါးနုနုက
ကိုယ့်ကိုအသာအယာထိတွေ့တဲ့အခါ
အသက်မဲ့သွားတဲ့ ကျောက်ရိုင်းတုံးလား
တုန်လှုပ်အေးစက်လို့
တစ်ခုတော့ ပြောမိတယ်...
ငါ့နေရာလေးရယ်
ဖြူစင်ခြင်းဆိုတာ
နင့်ကို ငါအပေးချင်ဆုံး ဆုတစ်ခုပါ....။

Dec7.2015
Minsetwai

အရူးတစ်ယောက်၏ကဗျာများWhere stories live. Discover now