ထိတ်လန့်ခြင်းတို့နဲ့လူ

25 4 1
                                    


ထိတ်လန့်ခြင်းတို့နဲ့လူ
__________________

မိုးရွာနေခြင်းသည်
မိုးပြိုနေခြင်းမဟုတ်
ဒီ ထိတ်လန့်မူကိုထုတ်၍
ရင်ဘတ်တစ်ခုလုံးအား
ဆေးကြောပါရစေ....။

ဘာဆို ဘာမှ မသိခြင်းတွေလား
အဲဒါလည်း
ငါ့တစ်နေ့စာထဲမှာ ထားပါရစေ။

ငါဟာ မိုးမလင်းသေးတာကို
မိုးလင်းချင်ခဲ့သူများလား
တကယ်က
ငါ့ကိုယ်ငါ သော့ခတ်ထားခဲ့တာပါ
အမှားမကင်းတဲ့ ဘဝမှာ
ရပ်တည်သမျှ
ကြက်ခြေခတ်ခံရခြင်းကြောင့်
ဇကောလောက်
ဇောက်မနက်တတ်တော့သူပါ။
2009
Minsetwai

အရူးတစ်ယောက်၏ကဗျာများWhere stories live. Discover now